Connect with us

North America

ကျူးဘားအစိုးရက အမေရိကန်သမ္မတ၏စွပ်စွဲချက်အားငြင်းပယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဟာဗာနား၊မေ ၂ ရက်(ဆင်ဟွာ)

ကျူးဘားအစိုးရက ဗင်နီဇွဲလားသို့၎င်း၏တပ်ဖွဲ့များပို့ထားခဲ့ကြောင်းအမေရိကန်၏စွပ်စွဲချက်အားဧပြီလ ၁ ရက် ကငြင်းဆန်ခဲ့ပြီး၎င်းစွပ်စွဲချက်ကကျူးဘားနိုင်ငံအားစီးပွားရေးအရ အရေးယူမှုအသစ်များပြုလုပ် ရန် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျူးဘားအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ၏ အမေရိကန်ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး ဂျိုဟန်နာ တာဘလာဒါ က ဗင်နီဇွဲလားနိုင်ငံတွင် ကျူးဘားလုံခြုံရေးတပ်ဖွဲ့များလုံးဝမရှိကြောင်း၊ကျူးဘားနိုင်ငံအ နေဖြင့်တပ်ဖွဲ့များ(သို့မဟုတ်)စစ်ဖက်စစ်ဆင်ရေးများတွင်ပါဝင်ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံတွင် မရှိသော မိမိတို့တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းပေးရန်မှာမဖြစ်နိုင်ကြောင်း ပြော ကြားခဲ့သည်။

၎င်းကအမေရိကန်နိုင်ငံသမ္မတ၏ကျူးဘားနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများတိုးမြှင့်ရန် ရည်ရွယ်သည့် မကြာမီက ခြိမ်းခြောက်လုပ်ဆောင်မှုများကလေးစားဖွယ်မရှိရုံမက တစ်ဖက်သတ်လုပ်ဆောင်ချက်သာ ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကျူးဘားတပ်ဖွဲ့များနှင့်စစ်ဖက်ဆိုင်ရာတို့အနေဖြင့် ဗင်နီဇွဲလားနိုင် ငံအတွင်း စစ်ရေး (သို့မဟုတ်) အခြားစစ်ဆင်ရေးများကို ရပ်ဆိုင်းခြင်းမပြုပါက အမေရိကန်နိုင်ငံအနေ ဖြင့် ကျူးဘားနိုင်ငံအပေါ်လုံးဝစီးပွားရေးပိတ်ဆို့မှုပြုလုပ်မည်ဖြစ်ကာ အဆင့်မြင့်ပိတ်ဆို့မှုများလည်းပြု လုပ်မည်ဖြစ်ကြောင်းခြိမ်းခြောက်ပြောကြားခဲ့သည်။

အမေရိကန်-ကျူးဘားဆက်ဆံရေးမှာ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက်က အစပြု၍တစ်စိတ်တစ်ပိုင်းတိုးတက်မှုရရှိခဲ့ကာ သံတမန်ဆက်သွယ်ရေးများ ပြန်လည်ထူထောင်နိုင်ခဲ့ သော်လည်း ထရမ့် ကသမ္မတတာဝန်ယူပြီးနောက်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာကျဆင်းသွားခဲ့သည်။ (Xinhua)