ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် လွန်ခဲ့သော(၂၄)နာရီအတွင်းက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ရပ်တန့်ရန် ဖိအားပေးမှု အဖြစ် မက္ကဆီကိုမှ တင်သွင်းသော ကုန်ပစ္စည်းများ အားလုံး အပေါ်တွင် ဇွန် ၁၀ ရက်မှ စတင်၍...
ဘဂ္ဂဒက်၊ မေ၃၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် မေလ ၃၀ ရက်က ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားလူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။
ထရီပိုလီ၊ မေ ၃၁ ရက် (ဆင်ဟွာ) အယ်လ်ကိုင်းဒါး တပ်ဖွဲ့ဝင်တစ်ဦး နှင့် အခြား အိုင်အက်စ် အကြမ်းဖက်တစ်ဦး တို့အား ဖမ်းဆီးခဲ့ကြောင်း လစ်ဗျားပြည်ထဲရေးဝန်ကြီးဌာန ကမေ ၃၀ ရက် တွင်ကြေညာခဲ့သည်။
ပို့သ်ကလန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော ပို့သ်ကလန် တွင် ရေကြောင်းမှ တစ်ဆင့် ကုန်သေတ္တာများဖြင့် ပလပ်စတစ် နှင့် စွန့်ပစ်ပစ္စည်းများ ရောက်ရှိလျက်ရှိကြောင်း၊ ၎င်းတို့တင်ပို့ခဲ့သော အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ကနေဒါ နှင့် ဂျပန် နိုင်ငံများသို့ မလေးရှားနိုင်ငံအစိုးရအနေဖြင့် စွန့်ပစ်ပစ္စည်းများအားပြန်လည်ပို့မည်ဖြစ်ကြောင်း၊...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ကလောမြို့၌ (၅)ရပ်ကွက်တွင်၂၇ ရက် ည ၇နာရီ မိနစ် ၂၀တွင် လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှမီးပွင့်၍ ဓာတ်ဆီပုလင်းအား ကူးစက်ပြီး မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မေ ၂၉ ရက်၌ စိတ်ကြွဆေးပြား ၇၈,၀၀၀ ပြားပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မက္ကစီကို စီးတီး၊ မေ ၃၀ ရက်(ဆင်ဟွာ) မက္ကစီကိုနိုင်ငံ အရှေ့ပိုင်း Veracruzပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် မေ ၂၉ ရက်၌ လယ်ထွန်စက်နောက်တွဲယာဉ်နှင့် ခရီးသည်ယာဉ်တစ်စီး ပြင်းထန်စွာတိုက်မိမှုကြောင့် လူ ၂၁ ဦးသေဆုံး ခဲ့ကြောင်း ဒေသလူထုအခြေပြု ကာကွယ်စောင့်ရှောက်ရေးသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ စကားဝါလမ်းတွင် ပြုလုပ်သော ပဲခူးကလပ်အား (၃၀)ခုမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မေ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ တောင်ပိုင်း ဇဘူးလ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညတွင်းချင်း အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ တာလီဘန်အကျဉ်းထောင်တစ်ခုမှ အရပ်သား ၁၆ ဦးနှင့် စစ်သား ၁၂ ဦးအား လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။