မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ မှ ရေကြောင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် သမုဒ္ဒရာ-၂(Dayan Erhao)သုတေသန သင်္ဘော နှင့် ရေအောက် သုတေသန လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုသည့် ကျောင်းလုံ(JiaoLong) ရေငုတ်သင်္ဘော အတွက် ပင်မ...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖော်ဆောင်မည့် မိလ္လာရေဆိုး သန့်စင်စက်ရုံ များကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကိုလံဘို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပပျောက်ရေး အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) က ပြောကြားလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) သာကေတ ဒေါပုံမြို့နယ်ရှိ capital hypermarket ဈေးဝယ်စင်တာတွင် ယနေ့ ညနေ ၌ အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်ဘီး အားကစားနည်းကို ပြည်သူလူထု တစ်ရပ်လုံး စိတ်ပါဝင်စား လာစေရန် နှင့် မျိုးဆက်သစ် စက်ဘီး အားကစားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၅၈ ကြိမ်မြောက် အမျိုးသား တံခွန်စိုက် စက်ဘီးပြိုင်ပွဲအား ဒီဇင်ဘာလ ၂ ရက်မှ ၆...
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ကွာလာလမ်ပူမြို့၌ အတိုက်အခံပါတီမှဦးဆောင်၍ ကြီးမားသောလူထုအုံကြွမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် ဦးဆောင်လှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရီချန်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Three Georges ဆည်ရှိ သင်္ဘောအတင်အချ ပြုလုပ်သည့် ဓာတ်လှေကား (Shiplift) အား နှစ်လကြာ ပထမအဆင့် စမ်းသပ်မှု ပြုလုပ်ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်က ၂၄ နာရီ စမ်းသပ်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း...