Connect with us

Science & Technology

မိလ္လာရေဆိုး သန့်စင်စက်ရုံ များကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်း

ပြည်ပနိုင်ငံတစ်ခုရှိ ရေဆိုးသန့်စင်စက်ရုံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖော်ဆောင်မည့် မိလ္လာရေဆိုး သန့်စင်စက်ရုံ များကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးကို သန့်ရှင်းသာယာ လှပစေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကဏ္ဍစုံပြင်ဆင် ဆောင်ရွက်နေပြီး လက်ရှိတွင် ရေဆိုးစွန့်ထုတ် မှုများကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အတွက် လုပ်ဆောင်လျက် ရှိသည်။ ယင်းတို့တွင် မိလ္လာရေဆိုး သန့်စင်မှု သည်လည်း လိုအပ်သဖြင့် မိလ္လာရေဆိုး သန့်စင်စက်ရုံများ တည်ဆောက် နိုင်ရန် စီစဉ်လျက် ရှိသည်။

အဆိုပါ မိလ္လာရေဆိုး သန့်စင်စက်ရုံများ ဆောင်ရွက်မည် ဆိုပါက ဘတ်ဂျက်ငွေ လိုအပ်ချက်၊ တည်ဆောက်မည့် နေရာနှင့် ကုန်ကျစရိတ် လုံလောက်မှု ရှိရန် လိုအပ်သဖြင့် လက်ရှိ အခြေအနေအရ တည်ဆောက်ရန် မဖြစ်နိုင်သေး သော်လည်း ၂ဝ၂ဝ ပြည့်နှစ်တွင် စတင် အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်းထားသည်။

လက်ရှိတွင် စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ရန်ကုန်မြို့၌ တည်ဆောက် ထားသော မိလ္လာရေဆိုး သန့်စင်စက်ရုံသည် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင် မြို့နယ် သန်လျက်စွန်း၌ တည်ရှိပြီး တစ်မြို့လုံး အတိုင်းအတာမှ မိလ္လာရေဆိုး များကို ရေကောင်းအဖြစ် သန့်စင်ကာ ရန်ကုန်မြစ် အတွင်း စွန့်ပစ်လျက် ရှိကြောင်း သိရသည်။

မိလ္လာရေဆိုး သန့်စင်စက်ရုံများ တည်ဆောက်ရန် လျာထားချက်တွင် လက်ရှိ အခြေအနေအရ စက်ရုံတစ်ခုသာ ရှိသည့်အတွက် ခရိုင်တစ်ခုချင်း စီတွင် မိလ္လာရေဆိုး သန့်စင်စက်ရုံတစ်ခု တည်ဆောက်ပေး နိုင်ရန် လျာထားသည်။ ယင်းစီမံကိန်း အကောင်အထည် ဖော်ပြီးပါက ရန်ကုန်မြို့ရှိ အများပြည်သူ များ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.