Connect with us

Economy

မြန်မာ အဆောက်အဦးတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို ကျင်းပ


ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ လက်တွဲ၍ ပွင့်လင်းမြင်သာစွာပူးပေါင်းကာ အပြန်အလှန်အကျိုးပြုနိုင်သည့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံအဆောက်အဦးတွင်းကွန်ရက်များဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ ကို ယနေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က 5G ခေတ်ရောက်သည့်အခါ ကောင်းကျိုးများစွာရှိပြီး လူသိများလာသည့် အဆောက်အဦးတွင်းကွန်ရက်များက တန်ဖိုးမြင့်မိုဘိုင်းကွန်ယက်များ လုပ်ငန်းလုပ်ဆောင်ရာတွင် အဓိကအရေးကြီးသည့် နေရာမှပါဝင်လာ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ အဆောက်အဦးတွင်းကွန်ရက်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲ ၂၀၁၉ အား တွေ့ရစဉ်(ဆင်ဟွာ)

“မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းချုပ်နဲ့ ပူးပေါင်းကျင်းပတဲ့ ဒီဆွေးနွေးပွဲကတဆင့် Hawei က နိုင်ငံသားတွေရဲ့နေ့စဉ်ဘဝ လူနေမှုအဆင့်တိုးတက်လာစေဖို့နဲ့ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံတည်ထောင်ဖို့ ကတိကဝတ်ပြုထားတာ ကိုလည်း ဖော်ပြနေတာပါ။” ဟု Mr. Zhang Liman က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့် က ” မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေနဲ့ Huawei နဲ့ ပူးပေါင်းပြီး အဆောက်အဦးတွင်း ကွန်ရက်တွေဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး နဲ့ မြန်မာ ICS/FTTX နယ်ပယ်အတွက် စံနှုန်းသတ်မှတ်မှုတွေကို မြှင့်တင်လိုပြီး လက်တွေ့ဘဝတွေကို အမှတ်တကယ် သက်ရောက်မှုဖြစ်စေတဲ့ နည်းပညာအခြေခံအဆောက်အအုံနဲ့ ပတ်သက်တဲ့ခေါင်းစဉ်တွေ၊ လက်ရှိ အသုံးပြုနေမှုတွေနဲ့ ကောင်းမွန်တဲ့ solution ကို ရှာဖွေမယ့်အခုဆွေးနွေးပွဲကို တက်ရောက်ရတာ တကယ်ပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။” ဟု ပြောကြားသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးစိုးနိုင် က “မြန်မာနိုင်ငံ ဆက်သွယ်ရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးsolutionတွေ၊ ကျွမ်းကျင်အတတ်ပညာဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပြီး ကူညီ ထောက်ပံ့နေတဲ့ Huawei ကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဆက်သွယ် ရေးကွန်ရက်တည်ဆောက်မှုမှာ ပါဝင်ဖို့လည်း Huawei ကို ကြိုဆိုပါတယ်။”ဟု ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းတင့်က ” မြန်မာနိုင်ငံ ဆောက်လုပ်ရေးနယ်ပယ်အတွက် Huawei ရဲ့ အဆက်မပြတ် ပံ့ပိုးမှုတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ နယ်ပယ်အားလုံးအနေနဲ့လည်း အားလုံးတိုးတက် ဖွံ့ဖြိုးလာဖို့အတွက် ကိုယ်ပိုင်အကြံဉာဏ်တွေကို ပေးနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းရည် အပြည့်အဝအသုံးပြုနိုင်ကြဖို့ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် အဆောက်အဦးအတွင်းကွန်ရက်လွှမ်းခြုံမှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ လက်ရှိတွင် လူသိများနှစ်သက်နေသည့်ခေါင်းစဉ်များ နှင့် မြန်မာနိုင်ငံအတွင်းရှိ အဆောက်အဦး တွင်းကွန်ရက်သစ်များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ နယ်ပယ်တွင်း လေ့ လာစမ်းစစ်သူများ နှင့် အခြားသောသြဇာရှိအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြကာ အတွေးအမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)