Connect with us

Economy

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အား တွန်းအားပေး နိုင်ရန် အတွက် CDMIG ကုမ္ပဏီ နှင့် ရွှေသံလွင် ကုမ္ပဏီ နားလည်မှု စာချွန်လွှာ ရေးထိုး

Chinese Documentary Media Industry Group (CGMIG) နှင့် ရွှေသံလွင် ကုမ္ပဏီ တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အား တွန်းအားပေး နိုင်စေရန် အတွက် မေလ ၂၉ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Sky City ဟိုတယ် တွင် Chinese Documentary Media Industry Group (CDMIG) နှင့် ရွှေသံလွင် ကုမ္ပဏီ တို့ က နားလည်မှု စာချွန်လွှာ တစ်ရပ် အား လက်မှတ်ရေးထိုး ခဲ့ကြသည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

CDMIG ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စ ကျောက်ဝေ(Mrs. Zhao Wei ) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် CDMIG ကုမ္ပဏီ အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်မှု အတွက် အမြဲ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကာ အထူးသဖြင့် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ ယခု လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ မှ တစ်ဆင့် မြန်မာ နိုင်ငံ ၏ တစ်မူထူးခြားသော ခရီးသွား လုပ်ငန်း အား ဖွံ့ဖြိုးတိုးတက်ရန် ဘက်စုံတွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် စီးပွားရေး နယ်ပယ် ပူးပေါင်းဖလှယ်မှု အတွက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်း မှ စတင်၍ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အတွက် စာမျက်နှာသစ် ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

Chinese Documentary Media Industry Group (CGMIG) ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စ ကျောက်ဝေ(Mrs. Zhao Wei ) နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း က အမှာစကား ပြောကြားရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် မြန်မာ-တရုတ် စီးပွားရေး စြင်္က ံတည်ဆောက်ရေး လုပ်ငန်း တွင် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှုများ သာမက အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ရှိကြောင်း ၊ ယနေ့ ရေးထိုးသည့် နားလည်မှု စာချွန်လွှာ မှ တစ်ဆင့် တရုတ် နိုင်ငံ မှ အဆင့်မြင့် ခရီးသွား ဧည့်သည်များစွာ မြန်မာ နိုင်ငံ သို့ ဝင်ရောက်လာမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အတွက် ဝင်ငွေများစွာ ဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်သည့် တရုတ် နိုင်ငံ မှ အဆင့်မြင့် ခရီးသွား ဧည့်သည် နှင့် ကုန်သည် လုပ်ငန်းရှင်များ က ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလှမ်းများ ကိုလည်း ဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး က မြန်မာ နိုင်ငံ အစိုးရ ၏ အဓိက ကျသည့် စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ၎င်းနှင့် ဆက်စပ်သည့် အခြား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည် ဖြစ်သည့် အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် ထောက်ခံအားပေးကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အနေဖြင့်လည်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့ပြီး ယင်း ပြုပြင်ပြောင်းလဲမှု က မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သမိုင်းမှတ်တိုင်သစ် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ယခု နားလည်မှု စာချွန်လွှာ က မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန် ဆန္ဒပြုကြောင်း ပြောကြား ခဲ့သည်။

ယခု လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှု စာချွန်လွှာ က Chinese Documentary Media Industry Group (CDMIG) ကုမ္ပဏီ လက်အောက်ရှိ Beijing Tancheng International Travel Service ကုမ္ပဏီ နှင့် ရွှေသံလွင် ကုမ္ပဏီ လက်အောက်ရှိ Mandala ကုမ္ပဏီ တို့အကြား ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ ဖြစ်ပြီး မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး တိုးမြှင့်နိုင်စေရန် အတွက် ရည်ရွယ်၍ ရေးထိုး ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)