Connect with us

Politics

ဒုတိယ ကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရုရှားသံရုံးတို့ ပူးပေါင်း ကျင်းပသည့် ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ် ဓါတ်ပုံပြပွဲ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရုရှားသံရုံးတို့ ပူးပေါင်း ကျင်းပသည့် ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ်ဓါတ်ပုံပြပွဲကို အမျိုးသားပြတိုက်တွင် ယနေ့ ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံဘက်မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါသည် ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးတို့မှ ယခု အထိမ်းအမှတ် ဓါတ်ပုံပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းပြခဲ့ကြသည်။

တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Yang Houlan) က “တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ အဓိက စစ်မြေပြင်ဖြစ်ခဲ့ပြီး ၊အဓိက အောင်ပွဲခံခဲ့တဲ့နိုင်ငံ တွေဖြစ်ခဲ့တယ်။ အောင်ပွဲခံနိုင်ဖို့ အသက်ပေါင်းများစွာ ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာလည်း ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မူကြီး (၅) ချက်ကို ကမကထ ပြုခဲ့သည့် နိုင်ငံစာရင်း ထဲမှာလည်း ပါဝင်ခဲ့တယ်။ ယူနန်-မြန်မာ လမ်းမကြီးက သမိုင်းဝင် သက်သေဖြစ်တယ်” ဟုဆင်ဟွာကို ပြောသည်။

ကျောင်းသား လူငယ်တွေ အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သိရှိနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်၊ အင်မတန်အရေးကြီးတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းကြောင်း၊ ကမ္ဘာစစ်ဖြစ်ခဲ့တဲ့ အချိန်က ဆိုးကျိုးတွေကို သင်ခန်းစာယူနိုင်ဖို့ ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒုတိယ ကမ္ဘာ စစ်အောင်ပွဲ နှစ် ၇၀ ပြည့် ဓါတ်ပုံပြပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချင်းဖြစ်ကြောင်း ရုရှားသံအမတ်ကြီး မစ္စတာ Vasily Borisovich Pospelov မှ ဆင်ဟွာသို့ပြောသည်။

ကမ္ဘာကြီး တစ်ခုလုံး အေးချမ်းသာယာမှုကို လူငယ်တွေအနေဖြင့် ထိန်းသိမ်းရန် တာဝန်ရှိကြောင်း၊ ဒုတိယ ကမ္ဘာစစ်တွင် ဖြစ်ခဲ့သည့် အနိဌာရုံများကို ကြည့်ပြီး သင်ခန်းစာ ယူကာ နောင်လူငယ် မျိူးဆက်တွေ ငြိမ်းချမ်းမှုကို နိုင်ငံ အချင်းချင်း ပူးပေါင်းပြီး ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိအမြင်နဲ့ အတွေးအခေါ်တွေ ကို ဒီနှစ် ၇၀ ပြည့်အောင်ပွဲမှ ပေးနိုင်မည်ဟု ယူဆကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်က ပြောသည်။

ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲအား လူငယ်များ စိတ်ဝင်တစား ကြည့်ရှုပြီး ဒုတိယ ကမ္ဘာစစ်တွင်းမှ ဓါတ်ပုံများအား မိမိဖုန်းများဖြင့် ဓါတ်ပုံများ ရိုက်ယူ မှတ်တမ်းတင် သိမ်းဆည်းခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.