Connect with us

Politics

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးရွှေမန်း တေ့ွဆုံ

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးရွှေမန်း လက်ဆွဲနှုတ် ဆက်နေစဉ် (Xinhua)

ပေကျင်း ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလ (၂၇) ရက်နေ့တွင် ပြည်သူ့ အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်မှ တရုတ်-မြန်မာ ချစ်ကြည် ဆက်ဆံရေးသည် ယခင် နှစ်နိုင်ငံ ခေါင်းဆောင်များ ဖန်တီး ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ် တိုင် ညီညွတ်မှု ရှိခြင်းမှာ နှစ်နိုင်ငံ အကျိုး စီးပွား အတွက် အထူး ဂရုစိုက် ကြပြီး အရေးကြီး ကိစ္စရပ် များတွင် အပြန်အလှန် အပြည့်အဝ နားလည်မှု ပေးခြင်းနှင့် ထောက်ခံ အားပေးခြင်း တို့ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာနှင့် ရေရှည် အမြင်ဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး ကို ဆောင်ရွက်သင့်ကြောင်း ၊ တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းမှုရှိရန် ထိန်းသိမ်း သွားရန် လိုအပ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ အကျိုး ပြု လုပ်ငန်းများ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်မှ တရုတ် – မြန်မာ ပူးပေါင်း ဆောင်ရွက်မှု များသည် ဖွဲ့စည်းမှု အခြေခံ ခိုင်မာ ပြီး နှစ်ဘက် နိုင်ငံ အကျိုးပြု နိုင်မှု ကြီးမားခြင်းနှင့် ကြီးမားသော အလားအလာ ရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။ တရုတ် နိုင်ငံ၏ နှစ်ဘက် အကျိုးရှိသည့် အောင်မြင်ခြင်း မူဝါဒ သည် နိုင်ငံခြား ပူးပေါင်း ဆောင်ရွက်မှုများတွင် အရေးကြီးသော မူဝါဒ တစ်ရပ် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ ဖော်ဆောင်သော ခေတ်သစ် ပိုးလမ်းမကြီးနှင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) စသော စီမံကိန်း များ သည် အိမ်နီးချင်း နိုင်ငံများနှင့် ပူူးပေါင်း ဆောင်ရွက်မှု များကို လက်တွေ့ ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး အထူးသဖြင့် ချစ်ကြည်ရေး ကောင်းမွန်သည့် အိမ်နီးချင်း မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု များမှ အကျိုး ရရှိ စေလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ပြည်သူ လူထု၏ အခြေခံနှင့် ရေရှည် အကျိုး အတွက် ဦးတည် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှုများမှ တွေ့ကြုံရသော အခက်အခဲ များကို အဆင်ပြေစွာ ကိုင်တွယ် ဖြေရှင်းပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၏ ဦးတည်ချက်ကို ခိုင်မြဲ စေလိုကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် အနေဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း ၊ ယခု အကြိမ် လာရောက် လည်ပတ်ခြင်းဖြင့် နှစ်ပါတီ ဆက်ဆံ ရေး အတွက် အားအင် အသစ် များ ဖြစ်ပေါ် စေမည် ဖြစ်ကြောင်း ၊ နှစ်ဘက် အရာရှိများ ဆက်လက် ၍ အနီးကပ် ဆက်ဆံမှု ပြုလုပ် သွားရန် မျှော်လင့်ကြောင်း ၊ ပါတီ အုပ်ချုပ်ရေးနှင့် နိုင်ငံ အုပ်ချုပ်ရေး အတွေ့အကြုံများ ကို ဖလှယ် ခြင်းဖြင့် နှစ်ပါတီ ဆက်ဆံရေး အဆက်မပြတ် တိုးတက်သွား ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဦးရွှေမန်းမှ ယမန်နှစ်က တရုတ် နိုင်ငံသို့ လာရောက် လည်ပတ် စဉ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံ ခဲ့ပြီး တရုတ် ကွန်မြူနစ် ပါတီ ၊ တရုတ် ပြည်သူလူထု နှင့် သမ္မတ ရှီကျင့်ဖိန် တို့၏ မြန်မာ နိုင်ငံ အပေါ်ထား ရှိသော ကြီးမားသော မေတ္တာ များ ကို သိရှိရကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ အပေါ် ကာလ ရှည် ကူညီ ထောက်ပံ့မှု နှင့် မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အတွက် ကျေးဇူး တင်ကြောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် တရုတ် ကွန်မြူနစ် ပါတီနှင့် ဘက်စုံ ပူးပေါင်း ဆက်ဆံမှုများ ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ ဒုတိယ ဥက္ကဌ ၊ နိုင်ငံ တကာ ဆက်ဆံရေး ဦးစီးဌာန ဝန်ကြီး ဝမ်ကျားရေ့ (Wang Jiarui) လည်း တွေ့ဆုံပွဲ တက်ရောက် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.