Connect with us

Social

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အား ရန်ကုန် မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ "ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့" တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အား ဇွန်လ ၈ ရက်နေ့ ညပိုင်း အချိန်တွင် တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ညီအကို မောင်နှမ များနှင့် အတူတကွ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် ခဲ့သည်။

“ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား သို့ မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို ၊ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့ မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး ၊ မြန်မာ နိုင်ငံ ဒုတိယ သမ္မတဟောင်း များ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း နှင့် ဒေါက်တာ စိုင်းမောက်ခမ်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် (Mr.Xu Congcang) ၊ မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ထံ သို့ မြန်မာ နိုင်ငံ ဆွေမျိုးပေါက်ဖော် ရန်ပုံငွေ အဖွဲ့ က လှူဒါန်းငွေ ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြားရာတွင် ယခု နှစ်သည် တတိယ အကြိမ်မြောက် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အား ကျင်းပ သည့် နေ့တစ်နေ့ ဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ဟူသည့် စကားလုံး အသုံးအနှုန်း သည်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ တွင်သာ အသုံးပြု သည့် ညီအကို အခေါ်အဝေါ် တစ်ခု ဖြစ်ကြောင်း ၊ ကျွန်တော်တို့သည် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်များ ဖြစ်ကြပြီး ညီအကိုမောင်နှမများလည်း ဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်ဖြစ်ပြီး နိုင်ငံတွင်းကဏ္ဍအသီးသီး နှင့် နိုင်ငံတကာ ၏ ထောက်ခံအားပေးမှုကို လိုအပ်နေချိန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ပေါက်ဖော်ညီအကို နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး အတွက် မြန်မာ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းခြင်း ကို ထောက်ခံအားပေးမှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံတကာ ကိစ္စရပ် များတွင်လည်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် လမ်းကြောင်း တစ်လျှောက် ပြည်သူလူထု များ စိတ်နှလုံးသားချင်း ချိတ်ဆက်ပေးမည့် ဖော်ဆောင်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း မြန်မာ နိုင်ငံ ၏ လူမှုဘဝမြှင့်တင်ရေး ဆိုင်ရာ ကဏ္ဍများကို ဦးစားပေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်ပြီး ၁၉၄၉ ခုနှစ် အောက်တိုဘာလ တွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ မှ တရုတ် နိုင်ငံ အား စတင်ထူထောင်ခဲ့ချိန်တွင် မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အား ပထမ ဦးဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံ တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကို ၁၉၅၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိချိန်တွင် ၆၈ နှစ် ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အကြား နှစ်ပေါင်းရှည်ကြာစွာ ထားရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အား အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အထိ တိုးမြှင့် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၊ ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စရပ်များ တွင် ညီအကို ရင်း ကဲ့သို့ ခိုင်မာစွာ ရပ်တည်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အဆက်ဆက် အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို စဉ်ဆက်မပြတ် အပြည့်အဝ ထောက်ခံရပ်တည် ခဲ့ပြီး လက်ရှိ အစိုးရ အနေဖြင့် လည်း ယင်းမူဝါဒ ကို ဆက်လက် ထိန်းသိမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ သည် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် ကာလတစ်လျှောက် မြန်မာ နိုင်ငံ ဘက်မှ ရပ်တည်ပေးခဲ့သည့် ဆွေးမျိုးပေါက်ဖော် ညီအကို နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ လတ်တလော ကာလ ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ကိစ္စရပ် များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ အနေဖြင့် လွန်စွာ အလေးထား ခဲ့ပြီး မြန်မာ နိုင်ငံ အစိုးရ ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်မှု များ အပေါ် ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာသည် နှင့်အမျှ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု မှာလည်း တိုးချဲ့နက်ရှိုင်းလာခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် က ကြိုဆိုနှုတ်ခွန်းဆက် အမှားစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တတိယ အကြိမ်မြောက် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အထိမ်းအမှတ် အခမ်းအနား တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်း များဖြစ်ကြသည့် မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်း (UMFCCI) နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) စသည့် အဖွဲ့အစည်း ၁၀ ခု တို့အား တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆု ပေးအပ် ချီးမြှင့် ခဲ့ပြီး မြန်မာ နိုင်ငံ ဆွေမျိုးပေါက်ဖော် ရန်ပုံငွေ အဖွဲ့ က မြန်မာ နိုင်ငံ စစ်ဘေး ဒုက္ခသည် နှင့် သဘာဝဘေး ဒုက္ခသည် များအတွက် လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အား မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်။
တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အခမ်းအနား အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ တို့က ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အထိမ်အမှတ် နှင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရန် စေရန် အတွက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.