Connect with us

Social

မြောက်ဦး ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေစေရေး တံတား တည်ဆောက် ပြုပြင်ရန် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက လှူဒါန်း

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင်ထံသို့ အလှူငွေပေးအပ် လှူဒါန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မြောက်ဦး ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေစေရေး အတွက် ကျေးရွာ တံတား တည်ဆောက် ပြုပြင် ခြင်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းသို့ အလှူငွေ များအား ယနေ့ဇွန် ၄ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ နှင့် မြန်မာနိုင်ငံမှာ ရှိသည့် NGO အဖွဲ့အစည်း နှင့် ပူးပေါင်းပြီး မြောက်ဦးမြို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်ရန် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး အနေဖြင့် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့ အပါအဝင် တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ပြည်သူ/ပြည်သား များ အတွက် ၊ မြောက်ဦးမြို့ ပြည်သူ/ပြည်သားများ အကျိုးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၊ ထိုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူ/သားများ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပို၍ တည်တံ့ ခိုင်မြဲ မည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင်က ယခုကဲ့သို့လှူဒါန်းမှုသည် ရခိုင်ပြည်နယ် အတွက် များစွာ အထောက်အကူ ပြုမည်ဟု မျှော်လင့်ပါကြောင်း ၊ ဖောင်ဒေးရှင်းမှ တဆင့် ရခိုင် ပြည်သူ လူထု ကို ကူညီပေးသည့် အတွက် တရုတ်သံရုံးအား များစွာ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းသို့မြောက်ဦး ခရိုင် ကျောက်တော် မြို့နယ် အတွင်းရှိ ကျေးရွာ တံတား ၂ စင်းအား အသစ် တည်ဆောက်ခြင်း နှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ငွေကျပ် သိန်း ၂၀၀ အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင် ထံသို့ပေးအပ်လှူဒါန်းခဲ့ပြီး ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။(Xinhua)