Connect with us

Africa & Middle East

အာဖဂန် ရဲစခန်းတစ်ခု တိုက်ခိုက်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၈ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မာဇာ-အီ-ရှာရစ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် ရှိ ရဲစခန်းတစ်ခု အား ဧပြီလ ၁ရက် ညအချိန်တွင် တာလီဘန် စစ်သွေးကြွများဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့ပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ဧပြီ ၂ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Adel Shah Adel က Sholgara ခရိုင် Shaikhah ရွာ ရှိ အာဖဂန်ဒေသခံရဲတပ်ဖွဲ့ (ALP) ၏ စခန်းတစ်ခုအား တာလီဘန်များက သေနတ်များ၊ စိန်ပြောင်းများ ဖြင့် တိုက်ခိုက်ခဲ့ရာ ALP တပ်ဖွဲ့ဝင် ၈ဦးသေဆုံးပြီး အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းဆင်ဟွာသို့ ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်သွေးကြွအများအပြား လည်း သေဆုံး ဒဏ်ရာရရှိခဲ့သော်လည်း တိုက်ပွဲများ ပြီးဆုံးပြီးနောက် ရုပ်အလောင်းများကို ၎င်းတို့ဘက်မှပြန်လည် သယ်ဆောင်သွား၍ သေဆုံးသူအရေအတွက် အတိအကျမသိရှိရကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူ က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

အစိုးရသည် စစ်တပ် နှင့် ရဲတပ်ဖွဲ့များ အရေအတွက် အကန့်အသတ်သာရှိသည့် နိုင်ငံ၏ ကျေးရွာ နှင့် ခရိုင်များအား ကာကွယ်ရန် အတွင် ၂၀၁၀ခုနှစ် အစောပိုင်းတွင် ALP တပ်ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)