Connect with us

Eastern Europe

ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် မြက်ခင်းပြင်မီးလောင်မှုဖြစ်ပွား ၊ လူ ၂၇ ဦး ဒဏ်ရာရ

မီးလောင်မှုဖြစ်ပွားနေသည့် မြက်ခင်းပြင်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ Zabaykalsky Krai နယ်စပ်ဒေသ နေရာအမြောက်အမြားတွင် ယခုရက်ပိုင်းများအတွင်း မြက်ခင်းပြင်မီးလောင်မှုဖြစ်ပွားရာ လူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသ ကျန်းမာရေးဌာနက ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Zabaykalsky Krai နယ်စပ်ဒေသအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ဧပြီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ မီးလောင်မှုမှာ လူများတောမီးရှို့ရာမှ ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ရုရှားမီဒီယာများက ဆိုသည်။ အချင်းဖြစ်ပွားမှုကြောင့် လူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၂ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းဒေသကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

Zabaykalsky Krai နယ်စပ်ဒေသ ရှိ လူနေရပ်ကွက် ဆယ်ခုကျော် မီးလောင်ကျွမ်းခဲ့ရာ နေအိမ်ပေါင်း တစ်ရာကျော် ပျက်စီးခဲ့ပြီး လူပေါင်းရာနှင့်ချီ ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားကြောင်းနှင့် ၎င်းဒေသကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကြောင်း ရုရှားအရေးပေါ်အခြေအနေရေးရာ ဌာနက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် လူနေရပ်ကွက်များ၌ မီးငြိမ်းသွားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.