ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ လူပေါင်း ၃၉ ဦးသေဆုံးပြီး ၁၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုအတွက် “ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း နှင့် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ကြောင်း ” ဒီဇင်ဘာလ ၁၂ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။...
ကိုင်ရို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)
ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Naivasha မြို့၌ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် IS စစ်သွေးကြွအုပ်စုအားတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံ သို့ အမေရိကန်တပ်သား ၂၀၀ခန့် ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဒီဇင်ဘာ ၁၀ရက် တွင် ပြောကြားခဲ့သည်။
မနီလာ၊ဒီဇင်ဘာ၁၁ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် အဘူဆေးယက်ဖ်သူပုန်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ စစ်သား အနည်းဆုံး ၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၁ ရက်တွင်ပြောကြားသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် ညက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၇ဦး နှင့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစိုးရက တရားဝင် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှု စာရင်းဝင် ပြည်သူ ၇ သန်းနီးပါးသည် နိုင်ငံ တစ်ဝန်းရှိ အစိုးရ ဘဏ်များမှ ပေကမ်း စွန့်ကြဲငွေများ ရရှိခဲ့ကြောင်း သိရသည်။
သြစတြီးယား၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Viennaမြို့ရှိ Schonbrunn တိရစ္ဆာန်ရုံတွင် ဒီဇင်ဘာ ၉ရက်က လုံဟွေအမည်ရှိ အသက် ၁၆နှစ်အရွယ် ပန်ဒါတစ်ကောင်အား အရေးပေါ်ဆေးကုသမှုပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း တိရစ္ဆာန်ရုံကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိမရှိ အပြည့်အဝ ပြန်လည် ဆန်းစစ်ရန်အတွက် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ဒီဇင်ဘာလ ၉...
ဒမတ်စကက်စ် ၊ ဒီဇင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ရှိ သူပုန်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားရာနေရာမှ အရပ်သား ၅ ထောင်ခန့်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း အစိုးရ သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။