Connect with us

Africa & Middle East

ကင်ညာ၌ ဆီတင်ကား မီးလောင်မှုဖြစ်ပွားရာ ၃၃ ဦးသေ ၊ အများအပြားဒဏ်ရာရ

ကင်ညာနိုင်ငံ အဝေးပြေးလမ်းပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့သော မော်တော်ယာဉ်များအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Naivasha မြို့၌ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Nakuru – Nairobi လမ်းမပေါ်၌ ဖြစ်ပွားခဲ့သော ဆီတင်ကား မီးလောင်မှုကြောင့် အခြား မော်တော်ယာဉ် ၁၁ စင်းကိုပါ မီးကူးစက်လောင်ကျွမ်းသွားကြောင်း ကင်ညာနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူးPius Masai က ပြောသည်။

လောင်စာတင်ယာဉ်၏ ယာဉ်မောင်းသည် ၎င်း၏ ကားကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် ယခုကဲ့သို့ဆိုးဆိုးရွားရွား မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဒုတိယအကြီးအကဲ Isaac Masinde က ဆိုသည်။

အဆိုပါ ဆီကားသည် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခြားမော်တော်ယာဉ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ဆီကားမီးလောင်မှုကြောင့် အဝေးပြေးလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ကင်ညာနိုင်ငံကြက်ခြေနီတပ်ဖွဲ့က မီးလောင်ကျွမ်းထားသော ရုပ်အလောင်း ၃ဝ ကို Naivasha ဆေးရုံခွဲရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.