မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှ စေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်တွင်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား တွေ့ဆုံမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေခြင်းသည် နှစ်နိုင်ငံရှိပြည်သူများ၏ ကောင်းကျိုးအတွက်လည်းဖြစ်ကြောင်း...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများကို ရှေ့တိုးလုပ်ဆောင်နိုင်ရန် အခက်အခဲများကို ကျော်လွှားရာ၌ အစွမ်းကုန်အားထုတ်သင့်ကြောင်းနှင့် တရုတ်နိုင်ငံက ယူကရိန်းတွင် အကျပ်အတည်းများ တည်ငြိမ်အေးချမ်းစွာ အဆုံးသတ်နိုင်စေရေး အထောက်အကူဖြစ်စေမည့် ကြိုးပမ်းအားထုတ်မှုများအားလုံးကို အားပေးထောက်ခံပါကြောင်း မတ် ၁၁...