နေပြည်တော်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် ဆက်လက်ပေးသွားမည့် အစီအစဉ်အရ တတိယ အသုတ်အဖြစ် အကျဉ်းသား ခြောက်ထောင်ကျော်တို့ကို မကြာမီ ထပ်မံ လွှတ်ပေးမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား...
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၂၂၀၀ကျော် ယနေ့ ဧပြီ ၂၆ ရက်၌ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံတကာ သဘောတူချက်များ ပြည့်မီစွာဆောင်ရွက်မှုနှင့် အကောင်အထည်ဖော်မှုများ၊ ထပ်မံ၍တံခါးဖွင့်ဝါဒ လိုအပ်ချက်နှင့်အညီ ဥပဒေများနှင့် စည်းမျဉ်းများ မွမ်းမံခြင်းနှင့် တိုးတက်မှုများအတွက် လုပ်ထုံးလုပ်နည်းတစ်ခုအား တည်ထောင်ရန် ကြီးမားသော အရေးပါမှုအား လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆...
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့မှုရှိသော မြို့များပူးပေါင်းမှုနှင့် နိုင်ငံတကာပူးပေါင်းမှု မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့်ငါးနှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံများတွင် ဖလှယ်မှုများလုပ်ဆောင်ရေး၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပူးတွဲ သုတေသနပြုမှုများအတွက် တီထွင်ဆန်းသစ်မှုကဏ္ဍမှ လူ ၅,၀၀၀ ဦးအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။