ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ၂၈ဝဝ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၄ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ဆီးရီးယားနိုင်ငံ Tartus ဆိပ်ကမ်း၌ အနည်းဆုံး ၄၉ နှစ်ကြာ ဖွင့်လှစ်ခွင့်ရမည့် ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဆီးရီးယားနိုင်ငံနှင့်အတူ တည်ဆောက်သွားရန် ဒူးမားလွှတ်တော်သို့တင်ပြထားကြောင်း သိရသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာကုမ္ပဏီဥပဒေကို ၂၀၁၈ခုနှစ် သြဂုတ်လ ၁ရက်နေ့၌ စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်းတွင်ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO Road Show) အား ယနေ့ ရန်ကုန်စတော့ အိတ်ချိန်းတွင်ပြုလုပ်ခဲ့သည်။TMH Telecom Public ကုမ္ပဏီလီမီတက်သည် အများပြည်သူသို့ ကနဦးအစုရှယ်ယာများ (IPO) ကမ်းလှမ်းရောင်းချနိုင်ရန်အတွက်...