ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန် က ဒီဇင်ဘာ ၁၇ ရက်၌ ပထမအကြိမ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရေးအစိုးရ အဖွဲ့၏ အဓိက အဖွဲ့ဝင် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သမ္မတတာဝန်ရယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ် ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။