နူကူးအေလိုဖာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၎င်းတို့၏ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ တွန်ဂါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသန်စွမ်းသောတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း တွန်ဂါနိုင်ငံဘုရင် Tupou VI က မေ ၃၁ ရက်တွင်ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာရန် ကတိပြုကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကြီးမားတိုးတက်စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တွန်ဂါနိုင်ငံ၏ မီးတောင်ကပ်ဘေး ကယ်ဆယ်ရေး အကူအညီတောင်းခံမှုကြောင့် တရုတ်နိုင်ငံ စစ်တပ်မှ စေလွှတ်သည့် ရေတပ်သင်္ဘောအုပ်စုသည် ဒုတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးမြို့မှ စတင်ထွက်ခွာခဲ့သည်။
နူကူးအလိုဟာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ပင်လယ်ရေမိုင် ၅,၂၀၀ ကျော် ဆက်တိုက်ခရီးနှင်ပြီးနောက် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် တရုတ်နိုင်ငံ ရေတပ် သင်္ဘောအုပ်စုသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် တွန်ဂါနိုင်ငံ နူကူးအလိုဟာဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ကွမ်ကျိုး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ် သင်္ဘော နှစ်စီးဖြင့် ဖွဲ့စည်းထားသည့် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့သည် ကွမ်ကျိုးဆိပ်ကမ်းမှ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း ၈ နာရီခန့်က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ စစ်ဌာနချုပ်...
ကွမ်ကျိုး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တောင်ပိုင်း ကွမ်ကျိုးမြို့မှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အထောက်အပံ့ပစ္စည်းများ ဒုတိယအသုတ်ကို ဆူနာမီဒဏ်ခံစားခဲ့ရသော တွန်ဂါနိုင်ငံသို့ ပင်လယ်လမ်းကြောင်းမှတစ်ဆင့် ဇန်နဝါရီ ၃၁ ရက်၌ ပေးပို့ရန် စီစဉ်ထားကြောင်း ကွမ်တုန်းပြည်နယ် နိုင်ငံခြားရေးရာရုံးအရ သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား ကွမ်တုန်းပြည်နယ် မြို့တော်...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ...
ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင်အဓိကကျွန်းဖြစ်သော Tongatapu ကျွန်း၏ မြောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်အောက်ရှိ Hunga Tonga-Hunga Ha’apai မီးတောင် ပြင်းထန်စွာ ပေါက်ကွဲပြီးနောက် ဇန်နဝါရီ ၁၅ ရက်က ဆူနာမီလှိုင်းများ ဝင်ရောက်ခဲ့သည်။ ယင်းဆူနာမီလှိုင်းများသည် တွန်ဂါရှိ ကမ်းခြေများအပေါ်...
ဆူဗား၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံ မြို့တော် Nuku’alofa မြောက်ဘက် ၆၅ ကီလိုမီတာခန့်အကွာရှိ Hunga Tonga-Hunga Ha’apai မီးတောင်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံ တွန်ဂါ၏ Hunga Ha’apai ကျွန်းတွင် ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မြို့တော်နူကူးအလိုဟာ၌ ဆူနာမီဖြစ်ပွားသည့် တိုင်းတာချက်ရှိခဲ့သည်။ ထို့ကြောင့် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဖီဂျီ၊ ဆမိုးအား၊ ဗနွားတူ၊...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ဆင်ဟွာ သတင်းဌာန၏ အာကာသ သတင်းအေဂျင်စီမှ တွန်ဂါနိုင်ငံ Hunga Ha’apai ကျွန်းရှိ မီးတောင်ပေါက်ကွဲသည့် ပုံရိပ်များအား ရိုက်ယူထားနိုင်ခဲ့သည်။ တွန်ဂါနိုင်ငံ ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Matangi Tonga Online ၏ ထုတ်ပြန်ချက်အရ မီးတောင်ပေါက်ကွဲမှုသည်...