ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုလဲ-ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်(၇၆/၃-၄)ကြား၌ နိုဝင်ဘာ ၃ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် လူ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။