မနီလာ ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုအား ပံ့ပိုးရန် အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ Sinovac CoronaVac ကာကွယ်ဆေး နောက်ထပ်အသုတ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုသည် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံထံမှ ဝယ်ယူခဲ့သည့် အမျိုးအစားတူကာကွယ်ဆေးများနှင့်အတူ...
ဘန်ကောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကြာသပတေးနေ့နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ၂၁ရက် (ဆင်ဟွာ) အမေရိကန်အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာန (FDA) ၏အတည်ပြုချက်ရရှိရန် ဆိုင်းငံ့ထားသော အသက်၅နှစ် မှ၁၁နှစ်ကြားကလေးများအတွက် COVID-19 ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို အိမ်ဖြူတော်ကအောက်တိုဘာလ၂၀ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။ အောက်တိုဘာ၂၆ရက်တွင်ကျင်းပမည့် FDA ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေးနှင့် နို၀င်ဘာ၂ရက်မှ၃ရက်အထိ ကျင်းပမည့် CDC’s (အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ) ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေး မတိုင်မီကြိုတင်မျှော်မှန်းလျက် အောက်တိုဘာ၂၀ရက်တွင်ဘိုင်ဒန်အစိုးရအဖွဲ့ကအကယ်၍အသက်၅နှစ်မှ၁၁နှစ်ကြား ကလေးငယ်များအတွက်ကာကွယ်ဆေးတစ်မျိုးအား...
ဂျကာတာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆေးဝါးနှင့် အစားအသောက်အာဏာပိုင် BPOM က တရုတ်နိုင်ငံ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Zifivax COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့် ထုတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး RTS,S/AS01 (RTS,S) ကို အာဖရိက ဆာဟာရဒေသခွဲရှိ ကလေးငယ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ခံထားကြောင်း အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်ဆေးဝါးကုမ္ပဏီ Sinopharmမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသက် ၃ နှစ် မှ ၁၁ နှစ်ကြားကလေးများအတွက် အရေးပေါ်အသုံးပြုရန် အဂျင်တီးနား နိုင်ငံက မကြားသေးမီတွင် အတည်ပြုခဲ့သည်။
အယ်လ်ဂျီးယား၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantine ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာ ၂၉ ရက်က စတင်ပြီဖြစ်ကြောင်း သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသဖြင့် ပြည်သူများစွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် လာမည့်လအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ငယ်ရွယ်သူများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။...
တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။