ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) အမျိုးသားလွှတ်တော်တွင် ကျင်းပသော အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲသို့ ကျောင်းသားကိုယ်စားလှယ်များ ရောက်ရှိလာပြီး လက်ရှိ လက်ပံတန်း သပိတ်အခြေအနေကြောင့် မဆွေးနွေးဘဲ ပြန်လည် ထွက်ခွာခဲ့ကြောင်း တက်ရောက်ခဲ့သော ကျောင်းသား ကိုယ်စားလှယ် ကိုဇေယျာလွင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းမှ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ၉ ဦးနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသားများ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် ( ဆင်ဟွာ) အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်းသားသမဂ္ဂတို့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲ၌ သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသော အချက်(၁၁)ချက်ကို သဘောတူ...
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး သပိတ်မှောက် ကျောင်းသားတွေရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုချက် (၁၁) ချက်ကို အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တက္ကသိုလ်ကျောင်းများ၌ ယခု ပညာသင်နှစ်တွင် ကျောင်းသားများ ငြိမ်းချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမာလာအောင် က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်နေသော သပိတ်မှောက်ကျောင်းသားများ သပိတ်လှန်ပြီး နေရပ်ပြန်ရန် ဖေဖော်ဝါရီ ၁ ရက်နေ့ ရန်ကုန် စိန်ရတုခန်းမတွင်ပြုလုပ်သော လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းပြောကြားသည်။