ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကျဆုံးနေသော ကြားဝင်စွက်ဖက်မှုဝါဒကို လက်မြှောက်အရှုံးပေးရန် ဩဂုတ် ၅ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ပေကျင်း ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ဈေးကွက်စီးပွားရေး စည်းမျဉ်းစည်းကမ်းများ နှင့် တံခါးဖွင့်ခြင်း ၊ ပွင့်လင်းမြင်သာခြင်း နှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း ဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)၏ အခြေခံစည်းမျဉ်းများအား ချိုးဖောက်၍ အမေရိကန်ပိုင်မဟုတ်သော စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား အနိုင်ကျင့်မှု ပြုလုပ်နေသည့် အမေရိကန်နိုင်ငံ၏ လုပ်ရပ်ကို...
ဂျီနီဗာ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ခြွင်းချက်အနေဖြင့် ပထမဆုံးအဆုတ်ရောင်ရောဂါအစုလိုက်ဖြစ်ပွားခဲ့သော်လည်း ယင်းမှာ COVID-19 ရောဂါသည် ဝူဟန့်မြို့၌ တိရစ္ဆာန်မှ လူသားသို့ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု သေချာပေါက်ဆိုလို၍မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကျွမ်းကျင်သူတစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရက နယူးဇီလန်နိုင်ငံနှင့်အတူ တရားခံလွှဲပြောင်းရေး နှင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်များကို ရပ်ဆိုင်းကြောင်း ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဦးတည်လုပ်ဆောင်မှုအား ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသမှုဖြစ်သည်။
ဟောင်ကောင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါအခြေအနေ ကြီးထွားလာနေစဉ် ၂၀၂၀ ပြည့်နှစ် ဥပဒေပြုကောင်စီရွေးကောက်ပွဲ(LegCo) အား ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ဟောင်ကောင်ဒေသခံများက ထောက်ခံကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်၏ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ အမေရိကန်ပြည်သူ ၃၄ ရာခိုင်နှုန်းသာ အကောင်းဖက်က ရှုမြင် လက်ခံခဲ့ကြကြောင်း ABC သတင်းဌာန/Ipsos စစ်တမ်းတစ်ခုအရ သိရသည်။
ပေကျင်း ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ် ဗဟိုအစိုးရအနေဖြင့် အစဉ်အမြဲ ဂရုစိုက် ကြည့်ရှုခဲ့သည်။
ဟိုင်ခို၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ရှိ Haikou Meilan အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ရေးစီမံကိန်း ဒုတိယအဆင့်တွင် လေကြောင်း စမ်းသပ်ပျံသန်းမှုကို ဇူလိုင် ၃၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နိုင်ငံက မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိနေသော်လည်း တရုတ်နိုင်ငံသည် နိုင်ငံ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုကာကွယ်ရန်၊ ငြိမ်းချမ်းရေးနှင့် ယင်းဒေသအတွင်း တည်ငြိမ်ရေးကိုထိန်းသိမ်းရန် ပိုမိုဆုံးဖြတ်ထားကြောင်းတရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး စွန်းဝေတုန်း က တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး သည် နှစ်နိုင်ငံ အကျိုးစီးပွား ၏ အရင်းအမြစ် နှင့် ကိုက်ညီမှု ရှိပြီး တရုတ် နိုင်ငံ...