Connect with us

Politics, Law & Military

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်၏ စီးပွားရေးအရ အနိုင်ကျင့်ဗိုလ်ကျမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ရှင်းကျန်းနှင့်ပတ်သက်သည့် ဥပဒေ အသုံးပြုကာ တရုတ်ကုမ္ပဏီများနှင့် တရုတ်ထုတ်ကုန်များကို ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်ပါထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်က “ဝေဂါအတင်းအဓမ္မလုပ်အားခိုင်းစေမှုကာကွယ်ရေးအက်ဥပဒေ” ကို ဒီဇင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဥပဒေအရ ရှင်းကျန်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းအားလုံးကို “အဓမ္မလုပ်အား” ထုတ်ကုန်များဟု ယူဆကာ ရှင်းကျန်းနှင့်ဆက်စပ်သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ထားကြောင်း သိရသည်။ အမေရိကန်က အမှန်တရားကို လျစ်လျူရှုကာ “လူ့အခွင့်အရေး” အမည်ခံဖြင့် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ အနိုင်ကျင့်ဗိုလ်ကျမှုဝါဒလုပ်ဆောင်ခြင်းသည် စျေးကွက်အခြေခံမူများကို ပြင်းထန်စွာထိခိုက်ကာ WTO စည်းမျဉ်းများကို ချိုးဖောက်ကြောင်း၊ တရုတ်၊ အမေရိကန်ကုမ္ပဏီများနှင့် ဝယ်ယူသူများ၏ အကျိုးစီးပွားများကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ကမ္ဘာ့စက်မှုကွင်းဆက်တည်ငြိမ်မှုနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရန် အထောက်အကူမပြုကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်၏ စီးပွားရေးအရ အနိုင်ကျင့်ဗိုလ်ကျမှုကို မကျေနပ်ကြောင်းနှင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း သိရသည်။

ရှင်းကျန်းတွင် အမည်ခံ “အဓမ္မလုပ်အားခိုင်းစေမှု” အပေါ် အမေရိကန်၏ စွပ်စွဲမှုသည် လက်တွေ့ကျသော အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးမှုသက်သက်ဖြစ်ကြောင်း၊ ရှင်းကျန်းဒေသခံများမှာ တရုတ်နိုင်ငံ၏ အခြားဒေသများတွင် နေထိုင်သူများကဲ့သို့ အလုပ်တွင် ဆန္ဒအလျောက်ပါဝင်ကြပြီး ဥပဒေနှင့်အညီ တူညီသောလုပ်ငန်းခွင်အခြေအနေများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ညီတူညီမျှ ခံစားကြရကြောင်း ၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရှင်းကျန်းဒေသ မြို့ပြနေထိုင်သူများ၏ ပျှမ်းမျှ တစ်ဦးချင်းအသုံးပြုနိုင်သည့် ဝင်ငွေသည် ယွမ် ၂၃,၀၀၀ မှ ၃၅,၀၀၀ ယွမ်အထိ တိုးတက်လာပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် ၈.၆ ရာခိုင်နှုန်း တိုးလာကာ ကျေးလက်နေထိုင်သူများ၏ ပျှမ်းမျှ တစ်ဦးချင်းအသုံးပြုနိုင်သည့် ဝင်ငွေမှာ ၈,၇၂၄ ယွမ်မှ ၁၄,၀၀၀ ယွမ်အထိ တိုးလာပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် ၈.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရှင်းကျန်းဒေသရှိ လူမျိုးစုအားလုံး၏ လူနေမှုဘဝသည်လည်း ဆက်လက်တိုးတက်ကောင်းမွန်နေကြောင်း သိရသည်။

တရုတ် ပြစ်မှုဆိုင်ရာဥပဒေတွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းကို အတိအလင်း တားမြစ်ထားကြောင်း၊ အမေရိကန်သည် အမည်ခံ “လူ့အခွင့်အရေး” ကိုဘန်းပြ၍ အထောက်အထားမရှိသော အကြောင်းပြချက်များကို လုပ်ကြံဖန်တီးစွပ်စွဲကြောင်း ၊ “အဓမ္မလုပ်အားပေးခိုင်းစေခြင်း” နှင့် အခြားကိစ္စရပ်များကို ခိုင်လုံသောအထောက်အထားမရှိဘဲ စွပ်စွဲခြင်းသည် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန်၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးဟန့်တားရန်၊ ရှင်းကျန်းဒေသ၏ သာယာဝပြောမှုနှင့် တည်ငြိမ်မှုကို ထိခိုက်စေရန်သာဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းမှ ပညာရှင်များသည် လှပသော ရှင်းကျန်းဒေသသို့ လာရောက်လေ့လာလည်ပတ်ရန် တရုတ်နိုင်ငံမှ ဖိတ်ခေါ်ကြောင်း၊ လက်တွေ့ကျသော အခြေအနေကို အခြေခံ၍ ကမ္ဘာတစ်ဝန်းမှ ပြည်သူများနှင့် ကုမ္ပဏီများသည် လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ဖော်ပြထားသည်။

အမေရိကန်သည် နိုင်ငံရေး ခြယ်လှယ်မှုကို ရပ်တန့်သင့်ပြီး၊ ရှင်ကျန်းရှိ လူမျိုးစုအားလုံး၏ အသက်ရှင်နေထိုင်ခွင့် နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်းမှ ရပ်တန့်သင့်ပြီး၊ အမည်ခံ “အဓမ္မလုပ်အားပေးခိုင်းစေမှု” ကိစ္စရပ်ဖြင့် တရုတ်နိုင်ငံအပေါ် ပုံဖျက်တိုက်ခိုက်မှုကို ရပ်တန့်ကာ ရှင်းကျန်းနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းသင့်ကြောင်း ၊ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်ရန်နှင့် ရှင်းကျန်းရှိ လူမျိုးစုအားလုံး၏ တရားဝင်အခွင့်အရေးများနှင့်အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သော အစီအမံများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

———————————
(Chinese Version)

商务部就美方借涉疆法案制裁中国企业、限制中国产品发表声明

2021-12-24 19:41:34 分类: 政治法律
新华社北京12月24日电商务部24日就美方借涉疆法案制裁中国企业、限制中国产品发表声明。全文如下:
美东时间12月23日,美方将所谓“维吾尔强迫劳动预防法案”(以下简称“法案”)签署成法。“法案”将新疆生产的全部产品均推定为所谓“强迫劳动”产品,并禁止进口与新疆相关的产品。美方罔顾事实,以“人权”之名,行单边主义、保护主义、霸凌主义之实,严重破坏市场原则,违背世贸组织规则,严重损害中美两国企业和消费者切身利益,不利于全球产业链供应链稳定和世界经济复苏。对美方这种经济霸凌行为,中国商务部表示强烈不满、坚决反对。

美方指责新疆存在所谓“强迫劳动”问题纯属凭空捏造,毫无事实依据。真相是新疆民众和中国其他地区民众一样,自愿参加工作并依法享受相同的工作待遇和条件,平等享有经济发展权。2014年至2020年,新疆城镇居民可支配收入由2.3万元增至3.5万元人民币,年均增长8.6%;农村居民可支配收入由8724元增至1.4万元,年均增长8.3%。新疆各族人民生活不断改善。

中国刑法明确禁止强迫劳动。美方长期打着所谓的“人权”幌子,在缺乏事实依据的情况下,凭空捏造理由,大肆炒作“强迫劳动”等涉疆议题,借此抹黑中国形象,干涉中国内政,遏制中国发展,破坏新疆繁荣稳定。

中方欢迎世界各国有识之士到新疆实地走访,了解真实、美丽的新疆。中方希望世界各国的人民、企业能够基于事实和常识作出自主判断。
美方应立即停止政治操弄,立即停止侵害新疆各族群众的生存权、发展权,立即停止对所谓“强迫劳动”问题的歪曲和攻击,立即撤销各项涉疆制裁打压措施。中方将采取必要措施,坚决维护国家主权、安全和发展利益,坚决维护新疆各族人民的合法权益。(完)
图说-在一块待采收的棉田,陆高林手捧棉花,贴面感受棉花的质量(10月23日摄)。新华社发