အိုဆာကာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (China International Import Expo= CIIE) နှင့် ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအား...
ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Marata မြို့တွင် တရုတ်နိုင်ငံ တည်ဆောက်ပေးသော Marata-Kataragama ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်း၏ ပထမအဆင့် လမ်းခင်းခြင်းလုပ်ငန်း စတင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို...
ဟီဘီ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ လက်နက်ကိုင်တပ်ပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှု အသစ်တစ်ခုကို ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် စစ်သားပေါင်း ၄ဝဝဝ ကျော်ပါဝင် လေ့ကျင့်လျက်ရှိသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရေးအရ ပေါင်းစည်းမှုရှိခြင်းနှင့် မဟာဗျူဟာကျသော အပြန်အလှန် ယုံကြည်ခြင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းဖြင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်အား...
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဆီယံနိုင်ငံများတွင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံက ယွမ် ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) ရန်ပုံငွေ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်ပါလာ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုးခေါင်ရေရှားသော ကာရာမိုဂျာဒေသရှိ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စာသင်ကျောင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်း ပေးလှူခဲ့ကြောင်း သိရသည်။