ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လက္ခဏာများ စတင် ဖြစ်ပေါ်ခဲ့သည့် အချိန်မှစတင်၍ ရောဂါ ရှာဖွေ တွေ့ရှိသည် အထိ ကြာချိန်မှာ ပျမ်းမျှ ငါးရက် မပြည့်မီ (၄ ဒသမ ၉၅ ရက်) အတွင်း ဝေဒနာရှင်ကို ရောဂါ...
အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ကမ္ဘာ့ကုလသမဂ္ဂ(UN)အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တရုတ်နိုင်ငံ၏ လတ်တလောဆောင်ရွက်နေသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ (သို့မဟုတ်) COVID-19 ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုအပေါ် အပြည့်အဝယုံကြည်မှုရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ကမ္ဘာ့ကုလသမဂ္ဂ၏ တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်မှု(UNOSSC) အဖွဲ့မှ ညွှန်ကြားရေးမှူး Jorge Chediek က တရုတ်နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို အမြန်ဆုံးကျော်လွှားနိုင်မည်ဖြစ်ကြောင်း နှင့် ယခင်ကထက်ပိုမိုတောင့်တင်းခိုင်မာလာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၉,၄၁၉ ဦးရှိလာကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုထုံးသစ်ဖြစ်သည့် Convalescent plasma therapy ကို အသုံးပြု၍ ရောဂါပြင်းထန်သော လူနာများအား ကုသခဲ့ရာ အခြေအနေ တိုးတက်မှုရှိလာကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နန်ချန်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ဆောင်နေကြသည့် ဆေးဝန်ထမ်းများသည် သီးသန့်လူနာကုသရေးအဆောင်၌ တာဝန်ထမ်းဆောင်ရချိန်တွင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ နှာခေါင်းစည်းများ နှင့် ကိုယ်ခန္ဓာ အကာအကွယ်ဝတ်စုံများကို နာရီပေါင်းများစွာ မချွတ်တမ်းဝတ်ဆင်ထားရကြောင်း သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် နီပေါ နိုင်ငံသားများကလည်း စည်းလုံးမှုရှိစွာ အတူပါရှိကြောင်း ဖော်ပြသည့်အနေဖြင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်က “ကျွန်ုပ်တို့ အတူတကွရှိတယ်” ဟူသော ရည်ရွယ်ချက်ဖြင့် Trans Himalaya ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့်...