Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများနှင့် အတူတကွ အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီချက် အကျုံးဝင်မှု အား ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြား 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ နှင့် အတူတကွ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက် ကို ထိန်းသိမ်းသွားမည် ဖြစ်ပြီး အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီချက် အကျုံးဝင်မှု အား ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဇွန်လ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

ဟွာချွန်းရင် က လက်ရှိချိန်တွင် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထံသို့ စာ ရေးသား ပေးပို့ ခဲ့ပြီး တရုတ် နိုင်ငံ ၏ အီရန် နျူကလီးယား အရေး တွင် သဘောထားရပ်တည်မှု ကို အကြောင်းကြား ခဲ့ကြောင်း ပြောကြား ခဲ့သည်။သတင်းအချက်အလက်များ အရ ရုရှား နိုင်ငံခြားရေးဝန်ကြီး အနေဖြင့်လည်း အီရန် နျူကလီးယား အရေး နှင့် ပတ်သက်၍ သဘောထားရပ်တည်မှု အား ရေးသားပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား ဘက်စုံသဘောတူညီချက် အား ပြန်လည် လိုက်နာရန် တိုက်တွန်းပြီး လုံခြုံရေး ကောင်စီ ၏ မှန်ကန်သော ဆုံးဖြတ်ချက် ကို လိုက်နာရန် တိုက်တွန်းကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ နှင့် အတူတကွ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး စည်းစနစ် အား ထိန်းသိမ်းသွားပြီး အရှေ့အလယ်ပိုင်း ဒေသ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။  (Xinhua)