ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ Taal မီးတောင်ပေါက်ကွဲမှုဒဏ်ခံစားခဲ့ရသည့် ဒေသခံများကို ကူညီထောက်ပံ့ရန် ယွမ် တစ်သန်း (အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀ ခန့်) လှူဒါန်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်နှင့် အခြားဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများသည် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေတိုးတက်မှု ခိုင်မာလာခဲ့ပြီး နည်းပညာသစ်များနှင့် လုပ်ဆောင်မှုအသစ်များက နိုင်ငံ၏စီးပွားရေးကို ပြန်လည်ပုံဖော်ရာတွင် ကြီးမားသောအခန်းကဏ္ဍများမှ ပါဝင်မှုမြင့်မားလာခဲ့ကြောင်း သိရသည်။
ချန်ဒူ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ပြည်နယ်သုံးခုကို ချိတ်ဆက်ထားသော အဓိကတံတားကြီးတစ်စင်းကို ခရီးသည်တင်ကားများ ဖြတ်သန်းသွားလာခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
ကူမင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၀ ရက်က ပြည်တွင်းနှင့် ပြည်ပရှိ တရုတ်နိုင်ငံသားများအားလုံးထံ တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ Dianchi ရေကန်၊ သဘာဝစိမ့်မြေအရပ်သို့ ဇန်နဝါရီ ၂၀ ရက်က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဗဟိုအစိုးရက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် တရုတ်ယွမ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄ဒသမ၃၇) တန်ဖိုးရှိ ဘဏ္ဍာရေး ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကူမင်း ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းရှိ ဝလူမျိုးစုကျေးရွာတစ်ရွာသို့သွားရောက်၍ ရွာသားများအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု ပူးတွဲတည်ဆောက်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ်တစ်ခု ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ်...
နေပြည်တော် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသော ရခိုင်ပြည်နယ် ကျော်ဖြူမြို့တွင် အနက် ၂၅ မီတာရှိသော ဆိပ်ကမ်းတစ်ခုသည် ငြိမ်သက်စွာ တည်လျက်ရှိသည်။