ဘန်ကောက် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်ချမှတ်ရန် ဇူလိုင် ၅ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) မှ လှူဒါန်းသည့် ငလျင်ကယ်ဆယ်ရေးပစ္စည်းများအား အာဖဂန် လခြမ်းနီအသင်း (ARCS) က လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝူးလူမုချီ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ယခုနှစ်အတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အားလားဆန်းခိုဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ထွက်သွားလာနေသည့် တရုတ်-ဥရောပကုန်တင်ရထား အရေအတွက်မှာ ၃,၀၀၀ ကျော် နှင့် ကုန်ပစ္စည်းပမာဏမှာ တန်ချိန် ၂ ဒသမ ၅ သန်းကျော်ရှိကြောင်း ရထားလမ်း...
ပုဂံ ၊ မြန်မာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းတို့သည် ဇူလိုင် ၃ ရက်တွင် ပုဂံမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်ဖက်လုံးက ရပ်ဝန်း နှင့် ပိုးလမ်းမ...
ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ယခုနှစ်ပထမငါးလအတွင်း လုပ်ငန်းလည်ပတ်သည့်ဝင်ငွေမှာ တိုးလာခဲ့ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
နိုင်ရိုဘီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံရှိ မိခင် ၊ မွေးကင်းစကလေး နှင့် ကလေးသူငယ်ကျန်းမာရေးအား မြှင့်တင်ရန် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် စီမံကိန်း အောင်မြင်စွာပြီးစီးခြင်း အထိမ်းအမှတ်အနေဖြင့် ကင်ညာနိုင်ငံရှိ တရုတ်သံရုံး နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၃၀ ရက်တွင်...
ပုဂံ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟာရာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) သယံဇာတပေါကြွယ်ဝသော တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေနိုင်ငံသည် များပြားလှသော ဓာတ်သတ္တုကြွယ်ဝမှုမှ ပိုမိုအမြတ်အစွန်းများ ရရှိစေရန်အလို့ငှါ ဓာတ်သတ္တုထုတ်လုပ်မှုအား တိုးမြှင့်ကာ အကျိုးကျေးဇူးများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စုပြုံဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မကြာသေးမီက ဟောင်ကောင်ခရီးစဉ်သည် ဂရုစိုက်မှု ၊ ယုံကြည်မှု နှင့် မျှော်လင့်ချက် သတင်းစကားအား သယ်ဆောင်ခဲ့ကာ အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း “တစ်နိုင်ငံစနစ်နှစ်မျိုး”လက်တွေ့ကျင့်သုံးမှုကို အားကောင်းသောမြှင့်တင်မှုပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးက ရေးသားဖော်ပြခဲ့သည်။
ဝူးလူမုချီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အဝေးပြေး လမ်းမသစ် လေးလမ်းအား ဇွန် ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်းရှိ အမြန်လမ်းများ၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနထံမှ သိရသည်။