Connect with us

Videos

ကမ္ဘောဒီးယား ဗဟိုဘဏ် နှင့် UnionPay တို့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

ဖနွမ်းပင် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဗဟိုဘဏ်(NBC) နှင့် တရုတ်နိုင်ငံ UnionPay ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သည့် UnionPay International (UPI) တို့က နယ်စပ်ဖြတ်ကျော် QR ကုဒ်ငွေပေးချေမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) ကို ဇူလိုင် ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ယင်းသဘောတူညီချက်အား ဖနွမ်းပင်မြို့၌ NBC ဒုတိယအကြီးအကဲ Chea Serey ၏ ရှေ့မှောက်တွင် ကမ္ဘောဒီးယား ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် Kimty Kormoly နှင့် UnionPay International ဒုတိယဥက္ကဋ္ဌ Larry Wang တို့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာ(MoU)အရ ကမ္ဘောဒီးယားနိုင်ငံရှိ KHQR အသုံးပြုသူ ၁၀ သန်းခန့်သည် ယခုနှစ်တွင် တရုတ်နိုင်ငံရှိ UnionPay QR ကုဒ် တိုက်ရိုက်စကင်န်ဖတ်နိုင်မည် ဖြစ်ကြောင်း NBC ဒုတိယအကြီးအကဲ Chea Serey က ပြောကြားခဲ့သည်။

KHQR သည် ကမ္ဘောဒီးယားနိုင်ငံ၌ လက်လီငွေပေးချေမှုများအတွက် ဖန်တီးထားသည့် universal quick response (QR) ကုဒ်စနစ်တစ်ခု ဖြစ်သည်။ ယင်းမှာ Bakong အက်ပလီကေးရှင်းအပါအဝင် မိုဘိုင်းလ် အက်ပလီကေးရှင်း အမျိုးမျိုးမှ ငွေပေးချေမှုလက်ခံနိုင်ရေးအတွက် QR ကုဒ်တစ်ခုတည်းသာ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)