ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) စက်တင်ဘာ ၅ရက်တွင် ကဘူးလ်မြို့၌ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင်များအပါအဝင် အာဖဂန်သမ္မတတို့နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်တွင်...
ဒိုဟာ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်တာလီဘန် အုပ်စုတို့အကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ သြဂုတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
ကဘူးလ်၊ မေ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ မေ ၅ ရက်တွင် တိုက်ခိုက်ခံရ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ၅၅...
ဒိုဟာ ၊ မေ ၂ ရက်(ဆင်ဟွာ) ကာတာ နိုင်ငံ ဒိုဟာမြို့၌ အမေရိကန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်များ စတင်သွားမည် ဖြစ်ကြောင်း အာဖဂန် နစ်စတန် ၏ တာလီဘန် အုပ်စုက မေ ၁ ရက်တွင် ကြေညာခဲ့သည်။
ကာဘူလ် ၊ မတ် ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က မတ်လ ၈ ရက် ၌ နိုင်ငံ အနောက်ပိုင်း ရှိ Badghis ပြည်နယ် တွင် စစ်ရေး ဆောင်ရွက်မှု တစ်ခု ပြုလုပ်ခဲ့ရာ တာလီဘန်...
ကဘူးလ်၊ မတ် ၄ ရက်(ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကျင်းပသည့် အမေရိကန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် သိသာ ထင်ရှားသည့်အောင်မြင်မှု မရရှိသေးကြောင်း ၊ ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း အာဖဂန်နိုင်ငံ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Mujahidက မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်အကျဉ်းထောင်ထဲမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် တွင် နိုဝင်ဘာ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာလီဘန်လက်နက်ကိုင်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကြောင်း ယင်းပြည်နယ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှီဘာဂန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)