Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က တာလီဘန် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်း

အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင် များ တိုက်ခိုက်မှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကာဘူလ် ၊ မတ် ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က မတ်လ ၈ ရက် ၌ နိုင်ငံ အနောက်ပိုင်း ရှိ Badghis ပြည်နယ် တွင် စစ်ရေး ဆောင်ရွက်မှု တစ်ခု ပြုလုပ်ခဲ့ရာ တာလီဘန် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

western Badghis ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားချက်အရ အစိုးရ တပ်ဖွဲ့ အနေဖြင့် Badghis ပြည်နယ် အတွင်းရှိ တည်နေရာ နှစ်ခု အား စစ်ဆင်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ တွင် တာလီဘန် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး တာလီဘန် အဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ စစ်ဆင်ရေး အတွင်း အစိုးရ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ အထက်ပါ စစ်ဆင်ရေး ဆောင်ရွက်မှု ပြီးနောက် တာလီဘန် လက်နက်ကိုင် အဖွဲ့ က မည်သည့် ထုတ်ပြန်ကြေညာချက် မှ ထုတ်ပြန် ခဲ့ခြင်း မရှိသေးကြောင်း သိရှိရသည်။(Xinhua)