နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်သွင်းမည့်တံခါးက အမြဲတမ်း ဖွင့်လှစ်ထားမည်မဟုတ်ကြောင်း၊ အနောက်နိုင်ငံများအနေဖြင့် သူတော်ကောင်းအယောင်ဆောင်မှုကို စွန့်လွှတ်ပြီး လက်တွေ့အခြေအနေနှင့်ကိုက်ညီအောင် ဆောင်ရွက်ရန်၊ သို့မဟုတ်ပါက အီရန်အနေဖြင့် အခြားနည်းလမ်းများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Dai ————————————– Window for reviving nuclear deal not to...
တီဟီရန်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၌ ကျင်းပသည့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိသော်လည်း သော့ချက်ကျသည့် ပြသာနာများစွာကို ဖြေရှင်းရန်လိုအပ်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadehက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာဘက်ပေါင်းစုံ၏ အသစ်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို မေ ၁ ရက်က ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဆက်လက်ကျင်းပခဲ့သည်။ သဘောတူညီချက်တွင်ပါဝင်သည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက မေလကုန်မတိုင်မီ လက်တွေ့ကျသည့်ရလဒ်ရချင်ကြကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တီဟီရန်၊ မတ် ၈ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမှတ်(၂၂၃၁)ဆုံးဖြတ်ချက်ကို ဘက်ပေါင်းစုံက လေးစာလိုက်နာကြရန်နှင့် အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် အီရန် သမ္မတ ရိုဟာနီက ဖေဖော်ဝါရီ ၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
တီဟီရန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက်သည် မှတ်ကျောက်တိုင်ဖြစ်ရာ အသစ်တစ်ဖန်ပြန်လည် ဆွေးနွေးရန် လက်ခံမည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Said Khatibzadက ဒီဇင်ဘာ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တီဟီရန်၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်ပါ အကြောင်းအရာတစ်ချို့ကို ထပ်မံရပ်ဆိုင်းမည်ဟု အီရန်သမ္မတ ရိုဟာနီက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။