Connect with us

Africa & Middle East

အီရန်နျူကလီးယားသဘောတူညီချက်ကို ဘက်ပေါင်းစုံက ပြန်လည်အကောင်အထည်ဖော်ကြရန် အီရန်သမ္မတ တိုက်တွန်း

အီရန်နိုင်ငံ သမ္မတ ရိုဟာနီအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမှတ်(၂၂၃၁)ဆုံးဖြတ်ချက်ကို ဘက်ပေါင်းစုံက လေးစာလိုက်နာကြရန်နှင့် အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် အီရန် သမ္မတ ရိုဟာနီက ဖေဖော်ဝါရီ ၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်ကို ထိန်းသိမ်းရန် အီရန်ဘက်မှကြိုးပမ်းခဲ့ရာ၌ ထိုကြိုးပမ်းဆောင်ရွက်မှုသည် အီရန်ကသာ ပေးဆပ်သည့်ဘက်မှ ဖြစ်ခဲ့ရကြောင်း၊ ထိုအခြေအနေမျိုး ရှေ့ဆက်သွား၍မရနိုင်ကြောင်း ရိုဟာနီက အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး Coveneyနှင့်တွေ့ဆုံးစဉ် ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ်မစ် သတင်းအေဂျင်စီ(IRNA)၏ သတင်းများအရ သိရသည်။ ၎င်းက အမေရိကန်၏ အီရန်အပေါ်ပိတ်ဆို့မှုများကို ဖျက်သိမ်းရန် တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမှတ်(၂၂၃၁)ဆုံးဖြတ်ချက်ကို ဘက်ပေါင်းစုံက လေးစားလိုက်နာရန်၊ အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဥရောပနိုင်ငံများက အီရန်နျူကလီးယားသဘောတူညီချက်ပေါ်ထားသည့် ကတိကဝတ်များကို လုပ်ဆောင်မှုမရှိသည့်ပေါ်Coveney က ဝေဖန်အပြစ်တင်ခဲ့သည်။ ကွဲလွဲမှုများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းသည် ခြိမ်းခြောက်မှုနှင့်ဖိအားပေးမှုကို ရှောင်ကြဉ်ကာ အပြန်အလှန်လေးစားမှုပေါ်တွင် အခြေခံပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးကြောင်း ရိုဟာနီက ဆိုသည်။ အမေရိကန်သည် ယခင်အစိုးရလက်ထက်က သဘောတူညီချက်မှ နုတ်ထွက်လိုက်ခြင်းသည် သမိုင်း၏အမှားတစ်ခုဖြစ်ပြီး လက်ရှိ အမေရိကန်အစိုးရအနေဖြင့် သဘောတူညီချက်ကို ပြန်လည်ပါဝင်ရန် ဆုံးဖြတ်ထားကြောင်း Coveney ဆိုသည်။ အိုင်ယာလန်အနေဖြင့် လက်ရှိအခြေအနေကို ကောင်းမွန်အောင် ဘက်ပေါင်စုံ ဆွေးနွေးမှုတွင် အပြုသဘောဆောင်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်က အီရန်အပေါ် တရားမဝင်သည့် တစ်ဖက်သတ်ပိတ်ဆို့မှုများကို လုံးဝ ထိရောက်စွာ ဖျက်သိမ်းပေးမည်ဆိုလျှင် အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်ပါ ရပ်ဆိုင်းထားသည့် အကြောင်းအရာအချို့ကိုလည်း ဖျက်သိမ်းပေးမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က ယင်းနေ့ Coveney နှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန် ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့အတူ အီရန်နျူကလီးယားသ‌ဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ အီရန်သည် နျူကလီးယာအစီအစဉ်ကို ကန့်သတ်ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းမှ အီရန်အပေါ် ပိတ်ဆို့မှုကို ဖြေလျှော့ရန် ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများနှင့် ထပ်တိုးပိတ်ဆို့မှု အသစ်များကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်က နျူကလီးယားသဘောတူညီချက်ပါ ကတိကဝတ်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ကြောင်း၊ သို့သော် အခြေအနေအရ ပြောင်းလဲမည်ဟု ပြောဆိုခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
伊朗总统呼吁各方恢复履行伊核协议
2021-03-08 04:07:18 来源: 新华网
  新华社德黑兰3月7日电(记者夏晨)伊朗总统鲁哈尼7日呼吁各方遵守联合国安理会第2231号决议,恢复履行伊朗核问题全面协议。

  据伊朗伊斯兰共和国通讯社报道,鲁哈尼当天在会见来访的爱尔兰外交部长科文尼时表示,伊朗为维护伊核协议付出努力,在此过程中伊朗是唯一付出代价的一方,这种情况不能继续下去。他要求美国解除对伊制裁,呼吁各方遵守联合国安理会第2231号决议,恢复履行伊核协议。

  鲁哈尼同时批评欧洲有关国家在履行伊核协议所作承诺方面“不作为”。他表示,与这些国家解决分歧的最佳途径是在相互尊重的基础上进行谈判,避免任何威胁和施压手段。

  科文尼表示,伊核协议对世界和平至关重要。上届美国政府退出伊核协议是一个“历史性错误”,本届美国政府“决心”重返协议。爱尔兰愿为改善当前局势、推动各方谈判发挥积极作用。

  另据报道,伊朗外交部长扎里夫当天在与科文尼会谈时表示,如果美国完全、有效解除非法的对伊单边制裁,伊朗将撤销中止履行伊核协议部分条款的相关措施。

  2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。