ဒါကာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဆေးများ ထပ်မံရောက်ရှိလာခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် စာရင်းပေးသွင်းခြင်းကို ပြန်လည်စတင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Zahid Maleque က မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။
ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒါကာ ၊ မေ ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ ကော်မတီက မေ ၁၉ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဝယ်ယူခြင်းကို...
ဒါကာ ၊ မေ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေး အဖွဲ့အစည်းက ဧပြီလတွင် Sinopharm ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများ...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ARSA အကြမ်းဖက်အုပ်စုအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေးကို နိုဝင်ဘာ ၂၅ ရက်၌ကျင်းပသော နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဒါကာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်လေတပ်(BAF) မှ အထူးလေယာဉ်တစ်စင်းဖြင့်သယ်ဆောင်လာသော တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် COVID-19 ရောဂါကာကွယ်ရေး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းဝန်ဆောင်မှု ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့(Chittagong)ရှိ ၅ ထပ်အဆောက်အဦတစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် နံရံအချို့ ပြိုလဲခဲ့ကြောင်း၊ ဒဏ်ရရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကုသရာ လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ဒေသခံရဲဘက်ဆိုင်ရာက...
ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ၊ ဘရာမန်ဘာရီယာခရိုင်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒါကာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။