Connect with us

WORLD

တရုတ်နိုင်ငံမှ ကူညီပေးပို့သော  COVID-19 ကာကွယ်ရေး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိ

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် COVID-19 ကာကွယ်ရေးပစ္စည်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်လေတပ်(BAF) မှ အထူးလေယာဉ်တစ်စင်းဖြင့်သယ်ဆောင်လာသော တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် COVID-19 ရောဂါကာကွယ်ရေး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းဝန်ဆောင်မှု ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ISPR ဌာနသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ကိုင်နေသည့် ဌာနတစ်ခုဖြစ်ပြီး ၎င်းတို့၏ ကြေညာချက်တစ်စောင်တွင် ဘင်္ဂလားဒေ့ရှ်လေတပ်မှ C-130J ထောက်ပို့လေယာဉ်သည် COVID-19 ရောဂါစစ်ဆေးတံများ ၊ တစ်ကိုယ်ရေးသုံး အကာအကွယ်ပစ္စည်း(PPE) များ သယ်ဆောင်ကာ ဧပြီ ၁၉ ရက်တွင် တရုတ်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

COVID-19ယင်းအကာအကွယ်ပစ္စည်းများထဲတွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ ၊ N95 နှာခေါင်းစည်းများ ၊ လက်အိတ်များ ၊ လျှပ်စစ်ကိုယ်အပူချိန်တိုင်းကိရိယာများ ၊ ကျန်းမာရေးအကာအကွယ်သုံးမျက်မှန်များ ၊ PPE များ ၊ ဓာတ်ခွဲခန်းသုံးမျက်မှန်များ နှင့် ရောဂါစမ်းသပ်စစ်ဆေးကိရိယာများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)