ရာမာလာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပါလက်စတိုင်းအရေး ညှိနှိုင်းဆောင်ရွက်ရာတွင် အရင်လူများ(ယခင်အမေရိကန်သမ္မတများ) ကဲ့သို့ပင် တူညီသော မူဝါဒဖြင့် လိုက်ပါ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို/ဆိုးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်ဇန်နဝါရီလတွင် သမ္မတတာဝန်ကိုစတင်ထမ်းဆောင်ပြီးချိန်မှစ၍ ပထမဆုံး ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်သည် အာရှတိုက် နှစ်နိုင်ငံ၌ ပြည်သူများ၏ ဆန္ဒပြမှုများကြား၌ပင် တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံသို့သွားရောက်ခဲ့သည်။
ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အယ်လ်-ရှာဘတ် (al-Shabab) အစွန်းရောက်အုပ်စုကို တန်ပြန်တိုက်ခိုက်ရန် ဆိုမာလီနိုင်ငံ အရှေ့ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်တပ်ဖြန့်ရန် အစီအစဉ်တစ်ရပ်အား ခွင့်ပြုခဲ့ကြောင်း အိမ်ဖြူတော်က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား“တိုက်ရိုက် ဘတ်ဂျက်အကူအညီ” အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကူညီပံ့ပိုးမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က တယ်လီဖုန်းပြောကြားမှု မှတ်တမ်း၌...
မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် ၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း တို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းအရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ရုရှားနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုအသစ်တစ်ရပ် လုပ်ဆောင်ရန်နှင့် ဥရောပသို့ စစ်အင်အားများ တိုးမြှင့်ချထားရန် ကြေညာခဲ့သည်။ ယခုအကြိမ်ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံပိုင်ဘဏ်၊ ရုရှားငွေစုဘဏ်နှင့်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့သည် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်များ ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် သမ္မတ ပူတင် အမိန့်ချလိုက်ခြင်းအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များ တစ်သားတည်း ခိုင်မာစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) အကယ်၍ ရုရှားအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား ကျူးကျော်ဝင်ရောက်ရန် ရွေးချယ်ခဲ့ပါက ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ကြုံတွေ့ရမည်ဟု သတိပေးနေစဉ်အတွင်းမှာပင် အမေရိကန်နေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနှင့်အနောက်နိုင်ငံများအကြား လက်ရှိ မတိုးသာမဆုတ်သာ ဖြစ်နေသော အခြေအနေကို သံတမန်ရေးနည်းလမ်းဖြေရှင်းမှုတစ်ခုအတွက် လမ်းကြောင်းရှာဖွေနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၁၅...