တိုကျို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ပဲ့ထိန်းဒုံးကျည်၂ ခု ပစ်ခတ်ခဲ့ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ (Fumio Kishida) က အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ လွန်ခဲ့သောလကတည်းက မြောက်ကိုရီးယားမှ ပဲ့ထိန်းဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်မှုနှင့် ပတ်သက်၍...
ပြုံယမ်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် စက်တင်ဘာ ၃၀ ရက်က အသစ်တီထွင်ထုတ်လုပ်ထားသော လေယာဉ်ပစ်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ...
ဝါရှင်တန်၊စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင် ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံအား အမေရိကန်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအပေါ်ထားရှိသည့် မူဝါဒရပ်တည်ချက် ပြောင်းလဲမှု မရှိကြောင်း၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားအလုံးစုံကင်းစင်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီး မြောက်ကိုရီးယားနှင့် သံတမန်ရေး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေး ဒုတိယ အတွင်းရေးမှူး Karine Jean-Pierreက စက်တင်ဘာ ၁၃...
ပြုံယမ်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သည့် တာဝေးပစ်ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာ အောင်မြင်မှုရရှိကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ခရုစ်ဒုံးကျည်၏ ပျံသန်းချိန်သည် (၇,၅၈၀)စက္ကန့်ရှိပြီး...
ပြုံယမ်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ ဇွန် ၂၃ ရက်ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Ri Son Gwon က မြောက်ကိုရီးယားနိုင်ငံအနေဖြင အမေရိကန်နိုင်ငံ နှင့် မည်သည့်အဓိပ္ပါယ် မှ မရှိသည့် တွေ့ဆုံမှုမျိုးပြုလုပ်ရန် ့် မည်သည့်အခါမှ...
ဝါရှင်တန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်၏ မကြာသေးမီက ပြောကြားခဲ့သော မှတ်ချက်စကားအပေါ် “ စိတ်ဝင်စားဖွယ်ကောင်းသော အချက်ပြမှု” တစ်ခုအဖြစ် အမေရိကန်နိုင်ငံက ယူဆကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန် (Jake Sullivan) က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှု နှင့်...
ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။