Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိ ဒုံးကျည်တစ်ခုအား အရှေ့ဘက်သို့ ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ဟိုက်ပါဆိုးနစ် ထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအား ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- KCNA via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိ ဒုံးကျည်တစ်ခုအား အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ထိုသို့ပစ်လွှတ်ခြင်းမှာ ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ တတိယမြောက် ဒုံးကျည်ပစ်လွှတ်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံက ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း၏ ကြီးကြပ်မှုဖြင့် ယခုသီတင်းပတ် အစောပိုင်းက “ဟိုက်ပါဆိုးနစ် (hypersonic) ထိပ်ဖူးတပ်ဆင်ထားသောဒုံးကျည်” တစ်စင်းအား ဇန်နဝါရီ ၁၁ ရက်က အောင်မြင်စွာ ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၅ ရက်က ဟိုက်ပါဆိုးနစ် ဒုံးကျည်တစ်ခုအား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား၏ Korean Central News Agency ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
1st LD: DPRK fires unidentified projectile eastward — S.Korea’s JCS
SEOUL, Jan. 14 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired an unidentified projectile eastward, South Korea’s Joint Chiefs of Staff (JCS) said Friday without mentioning further details.
It marked the DPRK’s third projectile launch this year. The DPRK said earlier this week that it successfully conducted a “hypersonic gliding warhead” test on Tuesday, supervised by top leader Kim Jong Un.
The DPRK’s Korean Central News Agency said last week that it successfully test-fired a hypersonic missile on Jan. 5. Enditem

Photo : PYONGYANG, Jan. 12, 2022 (Xinhua) — Photo provided by Korean Central News Agency (KCNA) on Jan. 12, 2022 shows the Democratic People’s Republic of Korea (DPRK) conducting a “hypersonic gliding warhead” test. DPRK on Tuesday successfully conducted a “hypersonic gliding warhead” test, which was supervised by top leader Kim Jong Un and other top officials, the Korean Central News Agency reported on Wednesday. (KCNA via Xinhua)