ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် မြန်နှုန်းမြင့်ရထားတစ်စီး ဖြင့် တိုက်မိ၍ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရထားလုပ်ငန်းက မတ်လ ၂ ရက်တွင် ကျရောက်မည့် ဟိန္ဒူ ရောင်စုံပွဲတော် တစ်ခုဖြစ်သော Holi ပွဲတော် ကျင်းပစဉ်အတွင်း အထူးရထား အစင်း ၅၀၀ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
မက်ဒရစ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ မက်ဒရစ်မြို့ အရှေ့ဘက် ၄၀ကီလိုမီတာခန့်အကွာ Alcala de Henares ရထားဘူတာရုံ၌ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပြည်တွင်း နှစ်ထပ်ရထားတစ်စီး သည် ရထားလမ်းအတားအဆီးများအား ဝင်တိုက်မိရာ လူ၄၁ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၄ဦးမှာ...
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက်များအတွင်း ခရီးသွားကြသူများ နှင့် နေရပ်အသီးသီးမှ မိသားစုထံပြန်လာကြသူများ၏ ရထားအသုံးပြုမှုမှာ စံချိန်တင် အထူးများပြားခဲ့ကြောင်း သိရသည်။
ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
အူထရာပရာဒတ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒတ်(Uttar Pradesh)ပြည်နယ် Muzaffarnagar မြို့၌ သြဂုတ်လ ၁၉ ရက်တွင် ခရီးသည်တင် ရထားတစ်စင်း မတော်တဆလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၃ ဦးသေဆုံးပြီး အခြား ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တွင် သြဂုတ် ၁၃ ရက်က အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မြန်မာ့မီးရထားအနေဖြင့် ယခုနှစ်သြင်္ကန်တွင် အထူးရထားများကို သြင်္ကန်ကာလမတိုင်ခင်နှင့် သြင်္ကန်ပြီးကာလများတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး ယနေ့ (ဧပြီ ၈ ရက်)တွင် ရန်ကုန်- မန္တလေး အထူးရထားကို စတင်ပြေးဆွဲမည်ဖြစ်ကာ ထူးခြားမှုအစီအစဉ်တစ်ရပ်အနေဖြင့် ရိုးရိုးတန်းလက်မှတ် များကို တန်းစီစရာမလိုဘဲ အထူးတန်းကဲ့သို့ သုံးရက်ကြိုတင် ဝယ်ယူနိုင်ကြောင်း...
နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒတ်ရှ်ပြည်နယ်တွင် မတ်လ ၇ ရက်က ခရီးသည်တင် ရထားတစ်စင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။