Connect with us

Economy

တရုတ်နိုင်ငံအမျိုးသားနေ့အားလပ်ရက်အတွင်း ရထားစီး ခရီးသည် သန်း ၁ဝဝ ကျော်ရှိခဲ့

တရုတ်နိုင်ငံ၌ အမျိုးသားနေ့ အားလပ်ရက်အတွင်း ခရီးသွားလာနေကြသည့် ပြည်သူများအား မီးရထားဘူတာရုံတစ်ခု၌ တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက်များအတွင်း ခရီးသွားကြသူများ နှင့် နေရပ်အသီးသီးမှ မိသားစုထံပြန်လာကြသူများ၏ ရထားအသုံးပြုမှုမှာ စံချိန်တင် အထူးများပြားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်မှ စတင်ခဲ့သော အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၌ ရထားစီးခရီးသည် ၁ဝ၅ သန်းကျော်ရှိခဲ့ကြောင်း တရုတ်နိုင်ငံမီးရထားပို့ဆောင်ရေးကော်ပရေးရှင်း(CRC) က အောက်တိုဘာလ ၇ ရက်တွင် ပြောကြားခဲ့သည်။အောက်တိုဘာလ ၄ ရက်တွင် ကျရောက်သည့် လမုန့်ပွဲတော်ဟု လူသိများသော ဆောင်းလယ်ရာသီပွဲတော် ဆင်နွှဲရန်အတွက် တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက်ကို ယခုနှစ်တွင် ၈ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ပြီးခဲ့သော အောက်တိုဘာလ ၆ ရက်က ရထားစီးခရီးသည် ၁၂.၄ သန်းရှိခဲ့ရာ နှစ်စဉ်တိုးတက်မှုနှုန်း ၈.၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း နှင့် အားလပ်ရက်ကာလအတွင်း နေ့စဉ် ရထားစီးပြည်သူ ၁ဝသန်းကျော် ရှိကြောင်း CRC က ပြောကြားခဲ့သည်။

အောက်တိုဘာလ ၇ ရက်တွင် ခရီးသွား ၁၃.၆ သန်းရှိမည်ဟု ခန့်မှန်းရကြောင်း CRC ကော်ပိုရေးရှင်းက ပြောကြားခဲ့ပြီး ခရီးစဉ်အားလုံး ချောမောအဆင်ပြေရန်အတွက် ရထားအစီးပေါင်း ၉၁၁ စီးကို ပြေးဆွဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။တရုတ်နိုင်ငံရှိ မီးရထားများသည် အောက်တိုဘာလ ၁ ရက် (သို့မဟုတ်) အမျိုးသားနေ့တွင် ခရီးသည်စံချိန်တင်အရေအတွက် ၁၅ သန်းအထိ ပြေးဆွဲခဲ့ရသည်။စက်တင်ဘာလ ၂၈ ရက်မှ စတင်ပြီး ၁၁ ရက်တာကာလအတွင်း ခရီးသည် စုစုပေါင်း သန်း ၁၃ဝ ခန့်ကို ပြေးဆွဲပေးခဲ့ကြောင်း တရုတ်နိုင်ငံမီးရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၏ ကနဦးခန့်မှန်းချက်တွင် ဖော်ပြထားသည်။(Xinhua)