မက်ဒရစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) နေတိုး (NATO) အဖွဲ့၊ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဇွန် ၂၉ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်၌ ကျင်းပသော ထိပ်သီးအစည်းအဝေး၌ “နေတိုး၂၀၂၂ခုနှစ်မဟာဗျူဟာမြောက်အယူအဆ”ကို အတည်ပြုခဲ့ပြီး ရုရှားက နေတိုးအဖွဲ့၏ “အကြီးဆုံးတိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရုရှားအထူးစစ်ဆင်ရေးပြီးဆုံးမည့် ခန့်မှန်းခြေရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ်...
ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား...
မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဗာကူး၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အနေဖြင့် ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် နယ်စပ်များ နယ်နိမိတ်မျဉ်းသတ်မှတ်ခြင်းနှင့် နယ်နိမိတ်မျဉ်းရေးဆွဲခြင်းအတွက် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့နှင့် အကြံပြုဆွေးနွေးရန် အသင့်ရှိကြောင်း ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နယ်စပ်များ၏ နယ်နိမိတ်မျဉ်း...
မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတက နိုင်ငံ၏ပထမဆုံး Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ်ကို ယခုနှစ်ကုန်ပိုင်းတွင် စစ်မြေပြင်၌ စတင်တပ်ဖြန့်ချထားမည်ဟုဆိုသည်။ စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် အစည်းအဝေးအတွင်း ပူတင်က “ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိတို့ရဲ့ တပ်မတော်ကို ပိုမိုအင်အားတောင့်တင်းပြီးဖွံ့ဖြိုးတိုးတက်စေဖို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း”ဆိုသည်။ အလားတူ ယူကရိန်းနိုင်ငံဘက်ကလည်း ဂျာမနီနိုင်ငံထုတ် ၁၅၅ မီလီမီတာ...
မော်စကို ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ကလင်နင်ဂရက်ဒေသ(Kaliningrad) သို့ အရေအတွက်များစွာသော ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် ၎င်း၏ နယ်မြေပိုင်နက်အတွင်းဖြတ်သန်း သွားလာမှု ပိတ်ပင်တားဆီးထားခြင်းကို ချက်ချင်းရုပ်သိမ်းပေးရန် လစ်သူယေးနီးယားနိုင်ငံအား ရုရှားနိုင်ငံက တောင်းဆိုလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ အဓိကဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဖြစ်သည့် Gazprom က နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိသောကြောင့် တူရကီ Stream ပိုက်လိုင်း မှတဆင့် ပို့လွှတ်နေသော ပိုက်လိုင်းနှစ်ခုစလုံးကို လာမည့် ဇွန် ၂၁ ရက်မှ ၂၈ ရက်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဇွန်...
စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ၂၅ ကြိမ်မြောက် စိန့်ပီတာဘာ့ခ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) မူဘောင်အရ ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ် ဆိပ်ကမ်းမြို့၌ ရုရှား-တရုတ် စီးပွားရေးဆွေးနွေးပွဲကို ဇွန် ၁၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhang Hanhui...