စိန့်ပီတာဘာ့ခ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Komi ဒေသတွင် သဘာဝဓါတ်ငွေ့ ပမာဏ ၁၀.၃၁၉ဘီလီယံ ကုဗမီတာ ရှိသော Levogrubeyuskoye ဓါတ်ငွေ့သိုက်သစ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ၊ ၎င်းတို့၏ မဟာဗျူဟာမြောက်လက်နက်များ ထုတ်ဖော်ပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောကြားချက်များအပေါ် ရုရှားနိုင်ငံကရင်မလင်နန်းတော်က မတ်လ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဗဟိုဘဏ် (CBR) သည် လွန်ခဲ့သည့်လက ရွှေတုံးပိုင်ဆိုင်မှု ၂၀ မက်ထရစ်တန်မှ ၁၈၅၇ တန်အထိ တိုးမြှင့်ပိုင်ဆိုင်လာသည့်အတွက် ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုရှိသည်ဟု စွပ်စွဲမှုဖြင့် ရုရှားနိုင်ငံသား ၁၃ ဦးနှင့် ရုရှား စီးပွားရေးလုပ်ငန်း ၃ ခုအား ဖက်ဒရယ် Grand Jury က တရားစွဲထားကြောင်း အထူးရှေ့နေ Robert Mueller...
မော်စကို ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတောင်ပိုင်း Ingushetia ၌ အကြမ်းဖက်သမား နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးကော်မတီက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ရုရှားလေယာဉ်တစ်စင်းအား စစ်သွေးကြွတို့က ဒုံးကျည်းဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျသွားပြီး ရုရှားလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရေးအရ ပေါင်းစည်းမှုရှိခြင်းနှင့် မဟာဗျူဟာကျသော အပြန်အလှန် ယုံကြည်ခြင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းဖြင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်အား...
မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တရားရုံးတစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး(ဟောင်း) Alexei Ulyukayev အား အကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ငွေဒဏ် ရုရှား ရူဘယ် သန်း ၁၃ဝ...
မော်စကို ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာ နှင့် တရုတ်နိုင်ငံစစ်တပ် ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး တို့ ဒီဇင်ဘာလ ၇ ရက်တွင် တွေ့ဆုံစဉ် တရုတ်-ရုရှား နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုများအပေါ် အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။