ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ) ” ရွေးကောက်ပွဲမှာ မစ္စတာဂျွန်လီ ရွေးချယ်ခံရ” ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ရှိသူက မေ ၈ ရက် ၁၂ နာရီ ၂၀ မိနစ်တွင် လေးနက်စွာ ကြေညာခဲ့သည်။
ဟောင်ကောင် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း(Carrie Lam ) က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဌမ-သက်တမ်းအုပ်ချုပ်ရေးမှူးရာထူးအတွက် လာမည့်ရွေးကောက်ပွဲတွင် သူ(မ)အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယနေ့ ဧပြီ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကာလကို...
ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ Yuen Long မြို့တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ မတ် ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဟောင်ကောင်၌ ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့်...
ဟောင်ကောင် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)တရုတ်ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားသော ဟောင်ကောင်ရှိ တတိယမြောက်ဖြစ်သည့် သီးသန့်ရောဂါကုသမှုအဆောက်အအုံ(CIF)သည် စတင်လည်ပတ်နေပြီဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ရက်ပေါင်း ၂၀ အတွင်း အပြီးတည်ဆောက်ခဲ့သည်။(Xinhua) ………………………………… (English Version) 3rd mainland-aided COVID-19 isolation facility...
ဟောင်ကောင် ၊ မတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်ရှင် လက်အောက်ရှိ COVID-19 ကပ်ရောဂါတုန့်ပြန်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Liang Wannian ဦးဆောင်သော တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေး ရပ်ရွာအခြေပြုနေရာများသို့သွားရောက်ကာ ပြည်တွင်းကူးစက်မှုများ စမ်းသပ်ခြင်း ၊ သီးခြားခွဲနေရာများထားရှိခြင်း နှင့်...
SHENZHEN/ဟောင်ကောင် ၊ မတ် ၃ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါထိန်းချုပ်ရေးကူညီရန် ဗဟိုအစိုးရအာဏာပိုင်များ၏ ရည်မှန်းချက်ဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေ(HKSAR)အတွက် COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများတင်ဆောင်လာသော ကုန်တိန်နာအတွဲပေါင်း ၁၈ တွဲပါရှိသည့် ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် SHENZHEN မှ မတ် ၂ ရက်တွင် ထွက်ခွာလာခဲ့ကြောင်း...
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ အထိ ဟောင်ကောင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆,၀၂၆ ဦး ထပ်တိုးလာကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်မှုဗဟိုက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးမှ ပံ့ပိုးလှူဒါန်းသည့် ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်တိုင်းရင်းဆေးဗူး ၁၅၀,၀၀၀ သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့သည်။ နောက်ထပ် တရုတ်တိုင်းရင်းဆေး ၃ သိန်း ကျော်ကိုလည်း အသုတ်ခွဲ၍ ဟောင်ကောင်သို့ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ကိုဗစ်လုံးဝကင်းစင်ရေး “ Zero COVID-19 ”သည် ဟောင်ကောင်၏ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေအတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင်ပြောကြားခဲ့သည်။