ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ကိုဗစ်လုံးဝကင်းစင်ရေး “ Zero COVID-19 ”သည် ဟောင်ကောင်၏ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေအတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက်ဥပဒေပြုကောင်စီ(LegCo) အဖွဲ့ဝင်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဥပဒေပြုကောင်စီ legCo ခန်းမဆောင်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ လေးနှစ်တာသက်တမ်းအား စတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက ဟောင်ကောင်၏သတင်းလွတ်လပ်ခွင့်ကို ထိခိုက်ပျက်ပြားစေသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ အပြစ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန် နိုင်ငံသည် ၎င်း၏ အရေခြုံ စံနှုန်းနှစ်မျိုးကို ဘေးဖယ်ထားသင့်ပြီး လွတ်လပ်မှု အမည်ခံဖြင့် တရုတ်ပြည်တွင်းရေးကို...
ဟဲဖေ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပေကျင်း-ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်း၏ အန်းချင်-ကျိုကျန်း ရထားလမ်းပိုင်းကို ဒီဇင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရထားလမ်းပိုင်းသည် ဟဲဖေနှင့် နန်ချန်းကြား တိုက်ရိုက်ချိတ်ဆက်ပြေးဆွဲကြောင်း သိရသည်။ ၎င်းရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံ၏ အလျားလိုက် ရထားလမ်းကြောင်း (၈) ခုနှင့် ဒေါင်လိုက်ရထားလမ်းကြောင်း...
ဟောင်ကောင်၊ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ က ရွေးကောက်ပွဲစနစ် တိုးတက်မြှင့်တင်ပြီးချိန်၌ ပထမဆုံးအကြိမ်အဖြစ်ဒီဇင်ဘာ ၁၉ ရက်တွင် ဥပဒေပြုကောင်စီရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီရွေးကောက်ပွဲ ၌ ဥပဒေပြုကောင်စီအဖွဲ့ဝင် ၉၀ ဦးစလုံး ကို ရွေးကောက်တင်မြှောက်ခဲ့...
ဟောင်ကောင်၊ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီရွေးကောက်ပွဲ ၌ ဥပဒေပြုကောင်စီအဖွဲ့ဝင် ၉၀ ဦးစလုံး ကို ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်တွင် လူပေါင်း ၁ ဒသမ ၃ သန်းကျော်...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲသည် ရေရှည် ငြိမ်းချမ်းမှု ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ပိုမိုဖွံ့ဖြိုးတိုးတက်မှု နှင့် မြို့တော်သာယာဝပြောရေးတို့ကို ယူဆောင်လာမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦး နှင့် ပညာရှင်တစ်ဦးတို့က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၉...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဟောင်ကောင် ဒီမိုကရေစီမရှိဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့်《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။