နယူးဒေလီ၊ မေ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် မေ ၂၄ ရက်အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း (၃၀၃,၇၂၀)ဦး အထိရှိလာရာ အမေရိကန်၊ ဘရာဇီးပြီးလျှင် ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာ(၃)သိန်းကျော်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်လာသည်။
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယတွင်မကြာသေးမီကတွေ့ရှိခဲ့သော coronavirus ဗိုင်းရပ်စ်မျိုးဗီဇကွဲ အား တိုက်ဖျက်ရန် တရုတ်နိုင်ငံတွင်လက်ရှိအသုံးပြုနေသော COVID-19 ကာကွယ်ဆေးများသည် ထိရောက်မှုရှိကြောင်းပဏာမလေ့လာမှုများကသက်သေပြခဲ့သည်ဟု တရုတ်ကျန်းမာရေးကျွမ်းကျင်သူတစ်ဦး က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင်တွေ့ရှိရသော coronavirus မျိုးကွဲအား တရုတ်နိုင်ငံမှ အထူးဂရုပြလျက်ရှိကြောင်းနှင့် သုတေသနပြုလုပ်ခြင်းနှင့်...
နယူးဒေလီ၊ မေ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) က အိန္ဒိယနိုင်ငံသားများအတွက် နေအိမ်၌ပင် COVID-19 စစ်ဆေးနိုင်သော rapid antigen test (RAT) ကိရိယာကို သုံးစွဲရန် ခွင့်ပြုလိုက်ကြောင်း တာဝန်ရှိသူများက မေ ၂၀...
နယူးဒေလီ၊ မေ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန်တိုက်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ဝမ်းနည်းကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Sun Weidong က ပြောကြားခဲ့သည်။ “အိန္ဒိယနိုင်ငံမှာ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းရပါတယ်။ သဘာဝဘေးအန္တရာယ်ဒဏ်ကို...
နယူးဒေလီ၊ မေ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနောက်ဘက် ကမ်းရိုးတန်းတစ်ခွင်ရှိ ပြည်နယ်များစွာ၌ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက မေ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ”တောက်တဲ့(Tauktae)”တိုက်ခတ်မှုကြောင့် ယနေ့အထိ သေဆုံးသူ အနည်းဆုံး (၁၂)ဦးရှိခဲ့သည်။
နယူးဒေလီ၊ မေ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ Mumbai high ရေနံမြေတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် လှေအမှတ် ၃၀၅ ဖြင့် လိုက်ပါသွားသူများအနက် ၁၂၇ ဦးမှာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀...
နယူးဒေလီ၊ မေ ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည် (၂၄)နာရီအတွင်း ကိုဗစ်-၁၉ ထပ်တိုးအတည်ပြုလူနာ (၃၄၃,၁၄၄)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၄,၀၄၆,၈၀၉)ဦး ၊ ထပ်တိုးသေဆုံးသူ (၄,၀၀၀)နှင့် စုစုပေါင်းသေဆုံးသူ (၂၆၂,၃၁၇)ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ အိန္ဒိယတွင်...
နယူးဒေလီ၊ မေ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသဖြင့် ပြည်နယ်များအနေဖြင့် COVID-19 ကြောင့် သေဆုံးသွားသူများအား ဂင်္ဂါမြစ်အတွင်း စွန့်ပစ်သည့်အလေ့အထကို စစ်ဆေးရန် အစိုးရက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ Jal Shakti (ရေအရင်းအမြစ်) ဝန်ကြီးဌာန ဝန်ကြီး Gajendra...