Connect with us

Asia

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကြောင့် ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတကာလေကြောင်းပျံသန်းမှုများ ရပ်နားထားဆဲ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဓီနိုင်ငံတကာလေဆိပ်တွင် ဆင်းသက်မည့် Boeing 787 Dreamliner ခရီးသည်တင်လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံ မြို့ပြလေကြောင်းစောင့်ကြည့်ရေး၊ မြို့ပြလေကြောင်း အထွေထွေညွှန်ကြားမှုဦးစီးဌာနရုံး (DGCA) မှ ထုတ်ပြန်ချက်အရ အဆိုပါ ကန့်သတ်မှုတွင် DGCA က အထူးခွင့်ပြုထားသော နိုင်ငံတလေကြောင်းပျံသန်းမှုများနှင့် ကုန်တင်လေကြောင်းခရီးစဉ်များ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များကိုမူ သတ်မှတ်ထားသော လမ်းကြောင်းများ၌ အာဏာပိုင်က အခြေအနေ တစ်ခုချင်းစီအလိုက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းသုံးလေကြောင်းပျံသန်းမှုများကိုမူ COVID-19 ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ပြီးခဲ့သည့်နှစ် မတ်လနှောင်းပိုင်း၌ တစ်နိုင်ငံလုံး လော့ခ်ဒေါင်း သတ်မှတ်ချိန်က တည်းက ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းလေကြောင်းပျံသန်းမှုများအား နှစ်လနီးပါး ရပ်နားထားခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် မေ ၂၅ ရက်က လုပ်ငန်းများ ပြန်လည်စတင်ခဲ့ကြောင်း၊ နိုင်ငံတကာ လေကြောင်းပျံသန်းမှုများကိုမူ ဆက်လက် ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အိန္ဒိယအာဏာပိုင်းများက ပြီးခဲ့သည့်နှစ် မေလမှစ၍ နိုင်ငံတကာအထူးလေကြောင်းပျံသန်းမှုများအား လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက သတ်မှတ်ထားသောနိုင်ငံများနှင့် နှစ်နိုင်ငံ လေကြောင်းပျံသန်းရေး သဘောတူညီချက်များအရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Int’l flights to remain suspended in India until July 31 due to COVID-19
2021-06-30 16:30:03
NEW DELHI, June 30 (Xinhua) — Commercial international flights to and from India shall remain suspended until July 31, aviation officials said Wednesday.
According to a circular issued by the country’s civil aviation watchdog – Directorate General of Civil Aviation (DGCA) on Wednesday, the restriction shall not be applicable for international all-cargo operations and flights specifically approved by DGCA.
International scheduled flights may be allowed on selected routes by the competent authority on case to case basis, it said.
Commercial flights were suspended when the country imposed a complete nationwide lockdown late in March last year to contain the spread of the COVID-19.
Domestic flights resumed operations in India on May 25 last year after nearly two months of suspension. International flights continue to remain suspended.
However, Indian authorities have been operating special international flights since May last year and under bilateral “air bubble” arrangements with selected countries since July last year. Enditem

Photo : File photo shows a Boeing 787 Dreamliner passenger plane is about to land at the Indira Gandhi International Airport in New Delhi, India, on Sept. 8, 2012. (Xinhua/Partha Sarkar)