Connect with us

Europe

အိန္ဒိယနိုင်ငံ ထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူထားသော ခရီးသွားဧည့်သည်များ အီးယူ သို့ဝင်ရောက်ခြင်း ကန့်သတ်ခံရ

ဆေးရုံတစ်ရုံတွင် မတ် ၁၂ ၌ ရိုက်ကူးထားသော AstraZeneca ကိုဗစ်ကာကွယ်ဆေးများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Serum Institute နှင့် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီ တို့မှ ပူးပေါင်း ထုတ်လုပ်ထားသည့် Covishield ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဥရောပတိုက် ဆေးဝါးကြီးကြပ်မှုဌာန သို့ အတည်ပြုချက် တင်သွင်းထားခြင်းမရှိသောကြောင့် ယင်းအမျိုးအစား ကာကွယ်ဆေးထိုးနှံထားသည့် ခရီးသွားဧည့်သည်များအနေဖြင့် အီးယူသို့ ဝင်ရောက်၍ ခရီးသွားလာခြင်းကို ကန့်သတ်မှုဆောင်ရွက်သွားဖွယ်ရှိကြောင်း ဥရောပကော်မရှင် က လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။အီးယူ ကိုဗစ်-၁၉ ဒီဂျစ်တယ်လက်မှတ်သည် ဇူလိုင် ၁ ရက်၌ တရားဝင် စတင်အသက်ဝင်ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ ၊ နော်ဝေး၊ အိုက်စလန်၊ ဆွစ်ဇာလန် နှင့် လစ်တန်စတိန်း စသည့် နိုင်ငံများသို့ ခရီးသွားရာတွင် ဥရောပတိုက် ဆေးဝါးကြီးကြပ်မှုဌာန မှ ခွင့်ပြုပေးထားသည့် ကာကွယ်ဆေးထိုးနှံထားခြင်း သို့မဟုတ် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှုထောက်ခံစာ ရှိထားပါက အတားအဆီးမရှိဘဲ ခရီးသွားလာမှုဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုထားသည့် ကာကွယ်ဆေးထိုးနှံထားသော ခရီးသွားဧည့်သည်များအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုမပြုကို ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ၊ Covishield ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ် အသုံးပြုရန် ကာကွယ်ဆေး အမည်စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

BBC ၏ ရေးသားဖော်ပြချက်အရ ဗြိတိန်နိုင်ငံတွင် အချို့သူများထိုးနှံမှုခံယူခဲ့သည့် ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံ မှ ထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးများဖြစ်နေကြောင်း ၊ ဗြိတိန်နိုင်ငံအနေဖြင့် AstraZeneca ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူခဲ့ရာတွင် ယင်းအနက် အလုံးရေ ၅ သန်းမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ မှ တင်သွင်းလာခဲ့သည့် ကာကွယ်ဆေးများက ဥရောပတိုက်၌ ထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေး နှင့် ကာကွယ်ဆေးတစ်မျိုးတည်းဖြစ်သည်ဟု လူအများကို ထင်မြင်စေခဲ့ကြောင်း သိရသည်။

သို့သော် ဥရောပတိုက်၌ နွေရာသီအားလပ်ရက်စတင်လာချိန်တွင် အမျိုးအစားမတူညီသည့် AstraZeneca ကာကွယ်ဆေး ထိုးနှံမှု ခံယူထားသူများ၏ အီးယူတွင် အကျိုးခံစားခွင့်မှာ မတူညီသဖြင့် ဗြိတိန်နိုင်ငံ ခရီးသွားဧည့်သည်များ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေခဲ့သည်။ သတင်းဖော်ပြချက်များအရ အီးယူအဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံအနက် လက်ရှိတွင် AstraZeneca ကာကွယ်ဆေးနှစ်မျိုးအနက် မည်သည့် ကာကွယ်ဆေးအမျိုးအစားဖြစ်စေ ထိုးနှံထားသူများအား နိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ပြုထားသော နိုင်ငံအရေအတွက်မှာ အနည်းငယ်သာရှိကြောင်း သိရှိရသည်။

ယင်းနှင့်ပတ်သက်၍ ဥရောပကော်မရှင် ကျန်းမာရေးဆိုင်ရာကိစ္စရပ် တာဝန်ယူရသည့် ပြောရေးဆိုခွင့်ရှိသူ Stefan De Keersmaecker က ဇူလိုင် ၂ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီးယူအနေဖြင့် လက်ရှိချိန်တွင် နိုင်ငံအသီးသီးနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေပြီး ကာကွယ်ဆေးအမျိုးမျိုးနှင့် ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်ကာ အမြန်ဆုံး တပြေးညီဖြေရှင်းမှုနည်းလမ်း ရရှိအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

(国际疫情)接种印度产阿斯利康疫苗旅行者进入欧盟受限

新华社布鲁塞尔7月3日电(记者李骥志)欧盟委员会日前表示,印度血清研究所与英国阿斯利康公司合作生产的Covishield疫苗未向欧洲药管局申报许可,接种了该疫苗的游客在进入欧盟旅行时可能受到限制。

欧盟新冠数字证书7月1日开始正式生效。在欧盟国家以及挪威、冰岛、瑞士、列支敦士登等申根国旅行,只要接种了欧洲药管局批准的疫苗,或是出示阴性检测证明,即可通行无阻。
同时,欧盟成员国有权自行决定,是否允许接种世界卫生组织所批准疫苗的游客入境,而Covishield疫苗已经被世卫组织列入可紧急使用疫苗名单。

据英国广播公司(BBC)报道,英国有一部分人接种的是印度生产的阿斯利康疫苗。英国订购的1亿剂阿斯利康疫苗中,有500万剂是从印度进口的,这些疫苗被普遍认为与欧洲生产的阿斯利康疫苗是同一种产品。

但是,随着欧洲夏日假期的开启,不同版本阿斯利康疫苗的接种者在欧盟所受待遇不同,引发英国旅行者的担忧。据报道,27个欧盟成员国中,目前只有少数几个国家允许两个版本的接种者入境。

对此,欧盟委员会负责卫生事务的发言人斯特凡•德克尔斯梅克在2日的例行发布会上表示,欧盟正在与各国密切磋商,对各类疫苗进行筛查,尽快研拟协调一致的解决方法。(完)

Photo
3月12日在西班牙卡塞雷斯省科里亚市医院内拍摄的阿斯利康疫苗。(新华社发,古斯塔沃•巴连特摄)

————————————————
(Zawgyi Version)

အိႏၵိယႏိုင္ငံ ထုတ္ AstraZeneca ကိုဗစ္ကာကြယ္ေဆး ထိုးႏွံမႈခံယူထားေသာ ခရီးသြားဧည့္သည္မ်ား အီးယူ သို႔ဝင္ေရာက္ျခင္း ကန႔္သတ္ခံရ

ဘရပ္ဆဲလ္ ၊ ဇူလိုင္ ၄ ရက္ (ဆင္ဟြာ)

အိႏၵိယႏိုင္ငံ Serum Institute ႏွင့္ ၿဗိတိန္ႏိုင္ငံ AstraZeneca ကုမၸဏီ တို႔မွ ပူးေပါင္း ထုတ္လုပ္ထားသည့္ Covishield ကိုဗစ္-၁၉ ကာကြယ္ေဆးသည္ ဥေရာပတိုက္ ေဆးဝါးႀကီးၾကပ္မႈဌာန သို႔ အတည္ျပဳခ်က္ တင္သြင္းထားျခင္းမရွိေသာေၾကာင့္ ယင္းအမ်ိဳးအစား ကာကြယ္ေဆးထိုးႏွံထားသည့္ ခရီးသြားဧည့္သည္မ်ားအေနျဖင့္ အီးယူသို႔ ဝင္ေရာက္၍ ခရီးသြားလာျခင္းကို ကန႔္သတ္မႈေဆာင္႐ြက္သြားဖြယ္ရွိေၾကာင္း ဥေရာပေကာ္မရွင္ က လတ္တေလာရက္ပိုင္းအတြင္း ထုတ္ျပန္ေၾကညာခဲ့သည္။

အီးယူ ကိုဗစ္-၁၉ ဒီဂ်စ္တယ္လက္မွတ္သည္ ဇူလိုင္ ၁ ရက္၌ တရားဝင္ စတင္အသက္ဝင္ခဲ့သည္။ အီးယူအဖြဲ႕ဝင္ႏိုင္ငံမ်ား ၊ ေနာ္ေဝး၊ အိုက္စလန္၊ ဆြစ္ဇာလန္ ႏွင့္ လစ္တန္စတိန္း စသည့္ ႏိုင္ငံမ်ားသို႔ ခရီးသြားရာတြင္ ဥေရာပတိုက္ ေဆးဝါးႀကီးၾကပ္မႈဌာန မွ ခြင့္ျပဳေပးထားသည့္ ကာကြယ္ေဆးထိုးႏွံထားျခင္း သို႔မဟုတ္ ကိုဗစ္-၁၉ ကင္းရွင္းေၾကာင္း စစ္ေဆးမႈေထာက္ခံစာ ရွိထားပါက အတားအဆီးမရွိဘဲ ခရီးသြားလာမႈေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ အီးယူအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ခြင့္ျပဳထားသည့္ ကာကြယ္ေဆးထိုးႏွံထားေသာ ခရီးသြားဧည့္သည္မ်ားအား ႏိုင္ငံအတြင္း ဝင္ေရာက္ခြင့္ ျပဳမျပဳကို ဆုံးျဖတ္ပိုင္ခြင့္ရွိေၾကာင္း ၊ Covishield ကာကြယ္ေဆးသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕ အေရးေပၚ အသုံးျပဳရန္ ကာကြယ္ေဆး အမည္စာရင္းတြင္ ပါဝင္ေၾကာင္း သိရသည္။

BBC ၏ ေရးသားေဖာ္ျပခ်က္အရ ၿဗိတိန္ႏိုင္ငံတြင္ အခ်ိဳ႕သူမ်ားထိုးႏွံမႈခံယူခဲ့သည့္ ကာကြယ္ေဆးမွာ အိႏၵိယႏိုင္ငံ မွ ထုတ္လုပ္သည့္ AstraZeneca ကာကြယ္ေဆးမ်ားျဖစ္ေနေၾကာင္း ၊ ၿဗိတိန္ႏိုင္ငံအေနျဖင့္ AstraZeneca ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ဝယ္ယူခဲ့ရာတြင္ ယင္းအနက္ အလုံးေရ ၅ သန္းမွာ အိႏၵိယႏိုင္ငံမွ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း ၊ အိႏၵိယႏိုင္ငံ မွ တင္သြင္းလာခဲ့သည့္ ကာကြယ္ေဆးမ်ားက ဥေရာပတိုက္၌ ထုတ္လုပ္သည့္ AstraZeneca ကာကြယ္ေဆး ႏွင့္ ကာကြယ္ေဆးတစ္မ်ိဳးတည္းျဖစ္သည္ဟု လူအမ်ားကို ထင္ျမင္ေစခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ဥေရာပတိုက္၌ ေႏြရာသီအားလပ္ရက္စတင္လာခ်ိန္တြင္ အမ်ိဳးအစားမတူညီသည့္ AstraZeneca ကာကြယ္ေဆး ထိုးႏွံမႈ ခံယူထားသူမ်ား၏ အီးယူတြင္ အက်ိဳးခံစားခြင့္မွာ မတူညီသျဖင့္ ၿဗိတိန္ႏိုင္ငံ ခရီးသြားဧည့္သည္မ်ား၏ စိုးရိမ္ပူပန္မႈကို ျမင့္တက္ေစခဲ့သည္။ သတင္းေဖာ္ျပခ်က္မ်ားအရ အီးယူအဖြဲ႕ဝင္ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံအနက္ လက္ရွိတြင္ AstraZeneca ကာကြယ္ေဆးႏွစ္မ်ိဳးအနက္ မည္သည့္ ကာကြယ္ေဆးအမ်ိဳးအစားျဖစ္ေစ ထိုးႏွံထားသူမ်ားအား ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ ခြင့္ျပဳထားေသာ ႏိုင္ငံအေရအတြက္မွာ အနည္းငယ္သာရွိေၾကာင္း သိရွိရသည္။

ယင္းႏွင့္ပတ္သက္၍ ဥေရာပေကာ္မရွင္ က်န္းမာေရးဆိုင္ရာကိစၥရပ္ တာဝန္ယူရသည့္ ေျပာေရးဆိုခြင့္ရွိသူ Stefan De Keersmaecker က ဇူလိုင္ ၂ ရက္၌ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ အီးယူအေနျဖင့္ လက္ရွိခ်ိန္တြင္ ႏိုင္ငံအသီးသီးႏွင့္ အနီးကပ္ ညႇိႏႈိင္းေဆာင္႐ြက္မႈ ျပဳလုပ္ေနၿပီး ကာကြယ္ေဆးအမ်ိဳးမ်ိဳးႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ကာ အျမန္ဆုံး တေျပးညီေျဖရွင္းမႈနည္းလမ္း ရရွိေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)

#India #AstraZeneca #Vaccine #xinhua #myanmar #xinhuamyanmar #အိႏၵိယ #ကိုဗစ္-၁၉ #ကာကြယ္ေဆး