နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုပြီးနောက် အဆောက်အဦတစ်လုံး ဇန်နဝါရီလ ၃ ရက်ညပိုင်းက ပြိုကျခဲ့ရာ လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ. သတင်းမျာအးရ သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဂူဂျာရတ်ပြည်နယ်(Gujarat) ၊ ဒန်း(Dang) ခရိုင်အတွင်းရှိ တောအုပ်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး လျှိုမြောက်တစ်ခုထဲသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁ဝ ဦးသေဆုံးပြီး အခြား ကလေးငယ် ၁ဝ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ် တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၇ ဦး နှင့် ကလေးငယ် ၂ဦးအပါအဝင် အနည်းဆုံး လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဒီဇင်ဘာ ၉...
မွမ်ဘိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အန်ဒရာပရာဒတ်ပြည်နယ်ရှိ လူဦးရေ ၃.၃ သန်းခန့်အတွက် ဘေးကင်းစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ် ၌ ဒီဇင်ဘာ ၁ရက်တွင် မြို့ပတ်ရထားတစ်စီးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့ ရှိ Santragachi ရထားဘူတာရုံတွင် အောက်တိုဘာ ၂၃ရက် ညနေပိုင်းက လူအုပ်ပိမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး လူ ၁၄ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ပထမ အကြိမ် တရုတ်-အိန္ဒိယ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးပွဲ ကို အောက်တိုဘာ ၂၂ ရက် တွင် နယူးဒေလီ မြို့ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်...
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဟိန္ဒူပွဲတော်တစ်ခုအား ရထားလမ်းပေါ်မှ ကြည့်ရှုနေသည့် လူအုပ်အား ရထားဝင်တိုက်မှုဖြစ်ပွားပြီးနောက် လူ ၆၁ ဦးထက်မနည်းသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။