Connect with us

International Organizations

၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်အားကစားပွဲ၊ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲ၊ C1-3 မီတာ ၃,၀၀၀ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရှင် တရုတ်နိုင်ငံမှ Wang Xiaomei (အလယ်) နှင့် ငွေတံဆိပ်ဆုရှင် ဗြိတိန်နိုင်ငံမှ Daphne Schrager (ဝဲ) နှင့် ကြေးတံဆိပ်ဆုရှင် ဆွစ်ဇာလန်နိုင်ငံမှ Flurina Rigling တို့ကို ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတချို့ကို ဖော်ပြအပ်ပါသည်။
-တရုတ်နိုင်ငံက ရွှေတံဆိပ်လေးခုဖြင့် စံချိန်သစ်များစွာတင်နိုင်
တရုတ်အားကစားသမားများသည် ၂၀၂၄ ခုနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်အားကစားပွဲ ပထမဆုံးနေ့ (ဩဂုတ် ၂၉ ရက်) တွင် စက်ဘီးစီးနှင့် ရေကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုလေးခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
…………………….
-လီဗာပူးအသင်းက အီတလီ တောင်ပံကစားသမား ချီဆာကို ဂျူဗစ်တပ်စ်အသင်းမှ ခေါ်ယူ
လီဗာပူးအသင်းသည် အီတလီ တောင်ပံကစားသမား ဖာဒီရီကိုချီဆာကို ဂျူဗင်တပ်စ်အသင်းမှ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၃ သန်း) ဖြင့် ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ချီဆာသည် လေးနှစ်စာချုပ်သက်တမ်းကို လက်မှတ်ရေးထိုးခဲ့ကာ ယခုနှစ်နွေရာသီ Arne Slot ၏ အသင်းတွင် ပထမဆုံးဖြည့်စွက်လိုက်သူဖြစ်လာခဲ့သည်။ လီဗာပူးအသင်းက ဂိုးသမား Giorgi Mamardashvili ကို ခေါ်ယူခဲ့ပြီးဖြစ်သော်လည်း ဗယ်လန်စီယာအသင်းထံ ပြန်လည်ငှားထားခဲ့သည်။
……………………
-ရှမန်မြို့က နိုဝင်ဘာလတွင် ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ခံကျင်းပမည်
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျင်းပမည့်နေရာကို ရှမန်မြို့အား ရွေးချယ်လိုက်ကြောင်း တရုတ်ဘောလုံးအသင်း (CFA) က ဩဂုတ် ၂၉ ရက်၌ ကြေညာခဲ့သည်။
သင့်တင့်သောရာသီဥတုနှင့် ကြီးမားသော အားကစားရုံရှိခြင်းကြောင့် မြို့ခုနစ်မြို့ရှိသည့်အနက်မှ ဖူကျန့်ပြည်နယ် အရှေ့တောင်ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် ရှမန်မြို့ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း CFA က ပြောခဲ့သည်။ (Xinhua)


……………………………………..
(English Version)
China claims four golds, multiple new records set
PARIS, Aug. 29 (Xinhua) — Chinese athletes clinched four gold medals and one silver in track cycling and swimming on the first competition day of the 2024 Paris Paralympic Games on Thursday.
Photo 1: Gold medalist Wang Xiaomei (C) of China, silver medalist Daphne Schrager (L) of Britain and bronze medalist Flurina Rigling of Switzerland pose for photos during the awarding ceremony after the women’s C1-3 3000m individual pursuit final of para cycling track at the Paris 2024 Paralympic Games in Paris, France, Aug. 29, 2024. (Xinhua/Cai Yang)
….
Liverpool sign winger Italian winger Chiesa from Juventus
LONDON, Aug. 29 (Xinhua) — Liverpool have announced the signing of Italian winger Federico Chiesa from Juventus for an initial fee of 10 million pounds (13 million U.S. dollars).
The 26-year-old has signed a four-year contract to become the first addition to Arne Slot’s squad this summer (although Liverpool have also signed goalkeeper Giorgi Mamardashvili and loaned him back to Valencia).
….
Xiamen to host FIFA World Cup qualifier between China and Japan in November
BEIJING, Aug. 29 (Xinhua) — The Chinese Football Association (CFA) announced on Thursday that Xiamen has been chosen as the venue to host the FIFA World Cup qualifier between China and Japan on November 19.
The CFA settled on Xiamen, a southeastern coastal city in Fujian Province, from seven bidding cities thanks to its mild climate and bigger stadium.